Advertisement
မနက်ခင်းစာ ပဲနို့တစ်ခွက်သောက်ပြီး ကိုယ်အလေးချိန်ထိန်းထားတဲ့ အငယ်ဆုံးလေး

လှပတဲ့ ကိုယ်ဟန်အနေအထားလိုချင်ရင် အစားရှောင်ဖို့လည်း လိုပြီး ဒါပေမယ့် အချိန်တိုတွင်း ကိုယ်အလေးချိန်ကျအောင် မကြိုးစားသင့်ဘူး

Seohyun က နာမည်ကျော် idol တစ်ဦးဖြစ်ခဲ့သလို အခုချိန်မှာ သရုပ်ဆောင်အနေနဲ့ ရပ်တည်လျှက်ရှိပါတယ်။ လေ့ကျင့်ခန်း အမြဲလုပ်ခဲ့သူတစ်ဦးဖြစ်ပြီး Gym တစ်ခုတည်းမှာ ဆယ်နှစ်ကျော် ကစားခဲ့တဲ့သူပါ။

သူမရဲ့ မနက်ခင်းက ရိုးရှင်းလွန်းပါတယ်။ မနက်ခင်းမှာ ပဲနို့တစ်ခွက်သောက်ပြီး လေ့ကျင့်ခန်းလုပ်တယ်။ Seohyun ဆယ်နှစ်ကျော် ကစားခဲ့တဲ့ Gym က Cheongdam-dong မှာရှိတဲ့ နာမည်ကျော် Star Gym23 ဖြစ်ပါတယ်။ ဒီ Gym မှာ နာမည်ကျော်သရုပ်ဆောင်၊ idol တွေ မကြာခဏ လာဆော့လေ့ရှိတဲ့ နေရာတစ်ခုပါ။

Seohyun က အလုပ်အားတဲ့အချိန်တွေဆိုရင် Gym မဖွင့်ခင် တစ်ယောက်ထဲရောက်လာပြီး ချွေးတွေအများကြီးထွက်အောင်ထိ ကစားတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ စောလွန်းတယ် ဒါမှမဟုတ် နောက်ကျတယ်လို့ အကြောင်းပြချက်တွေ မပေးသင့်ဘူးလို့ သူမက ပြောပါတယ်။ တခါတလေ သီချင်းနားထောင်ရင်း Gym ဆော့လေ့ရှိပါတယ်။

Seohyun က သူမရဲ့ မန်နေဂျာကို ပြောလိုက်တာက လှပတဲ့ ကိုယ်ဟန်အနေအထားလိုချင်ရင် အစားရှောင်ဖို့လည်း လိုပြီး ဒါပေမယ့် အချိန်တိုတွင်း ကိုယ်အလေးချိန်ကျအောင် မကြိုးစားသင့်ဘူးလို့ သူမက ဆက်ပြောပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကိုယ်အလေးချိန် အမြန်ကျအောင်လုပ်တာက ခန္ဓာကိုယ်အတွက်မကောင်းပါဘူး၊ အချိန်အကြာကြီး ဖြေးဖြေးမှန်မှန် နေ့တိုင်းပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာက အကောင်းဆုံးနည်းလမ်းပါ။ အစားအသောက်တွေမှာလည်း ဒီလိုပါပဲ။

Seohyun ရဲ့ မနက်စာက ပဲနို့ပါ။ သရေစာအနေနဲ့ အခွံမာသီးတွေလည်း စားပါတယ်။ အစပ်နဲ့ အငန်ကို မကြိုက်ပါဘူး။ ညဖက် အဆာပြေ မစားဘူး။ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေနဲ့ ကိုယ်အလေးချိန် ထိန်းတယ်လို့ သူမက ဝေမျှခဲ့ပါတယ်။

Comments

0 comments