Advertisement

ဒီမနက်မှာတော့လမ်းခွဲလိုက်ကြပြီဆိုတဲ့ Shawn Mendes နဲ့ Camila Cabello တို့သတင်းဟာ ပရိသတ်ကြားရေပန်းစားလို့နေပါတယ်။

၂ နှစ်ကြာ အတူရှိခဲ့ပြီးနောက် Shawn Mendes နဲ့ Camila Cabello တို့ဟာ သူတို့ရဲ့ ဆက်ဆံရေးကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြပါပြီတဲ့။2နှစ်ကြာ တွဲခဲ့ကြပြီး ပရိတ်သတ်တွေရဲ့ idol couple ဖြစ်ခဲ့ကြတဲ့ Shawn နဲ့ Camila တို့လမ်းခွဲလိုက်ကြပြီဖြစ်ကြောင်း သူတို့ရဲ့တရားဝင် instagram accountရဲ့ story မှာ လွန်ခဲ့တဲ့ နာရီပိုင်းကတင်ခဲ့ကြပါတယ်။ချစ်သူအဖြစ်က လမ်းခွဲခဲ့ကြပေမယ့် best friend တွေအနေနဲ့တော့ တစ်ယောက်ကိုတစ်ယောက် ဆက်ရှိနေပေးကြဦးမှာပါတဲ့။

ဒီလမ်းခွဲခြင်းကအမှန်ပဲလား သူတို့ရဲ့အသစ်ထွက်မည့်သီချင်းအတွက်ပရိုမိုးရှင်းလုပ်တာမျိုးလားဆိုတာတော့ ဘယ်သူမှအတိအကျမသိရသေးပါဖူး။

Comments

0 comments