Advertisement

ဆရာသမားတွေကိုသိတတ်တဲ့ ရွှေထူးတစ်ယောက်ဒီထပ်မကအောင်မြင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

အဆိုတော် ရွှေထူးကတော့ ဂီတဘက်မှာရောသရုပ်ဆောင်ဘက်မှာပါ  အောင်မြင်မှုရထားတဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ချစ်စရာဇနီးချောမင်းသမီးလေးကိုလည်း ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ ရွှေထူးတစ်ယောက်ဂီတလောကထဲရောက်လာဖို့ လမ်းပြသင်ကြားပေးခဲ့တဲ့ ဆရာတွေနဲ့ပတ်သက်ပြီး အခုလိုရေးထားပါတယ်။
“ဟိုစဥ်းစား ဒီစဥ်းစားရင်းကျွန်တော် တွေးမိတွေးရာ တွေးရင်း ဒီစာလေးကိုချရေးလိုက်ပါတယ်…
စာရှည်ပါမယ်… ကျွန်တော့်အနုပညာနဲ့ပဲဆိုင်ပါမယ်… Personal မပါပါ…
ဘယ်နယ်ပယ်မှာမဆို လူတော်တော်များများမှာ ဆရာဆိုတာရှိကြတယ်… ကျွန်တော့်မှာကော ဆရာရှိလားမေးကြလို့… ဖြေချင်လာလို့ပါ… ဆရာတော့ရှိပါတယ်… တပည့်တော့ကျွန်တော့်မှာမရှိပါဘူး… ထားရလောက်တဲ့အထိလည်းခုချိန်ထိဘာကောင်မှမဟုတ်ပါဘူး…
ကျွန်တော့်ဂီတသက်တမ်း ၁၀ နှစ်ကျော်ပါပြီ… ၁၀ တန်းထဲကသီချင်းလေးတွေမတောက်တခေါက်စရေးနေပါပြီ…
International မှာဆို West Life တို့ Green Day တို့ Eminem etc… တို့တွေကိုနားထောင်တယ်… Local မှာဆို Acid … ကိုတွိ ရယ် ကိုဘာဘူရဲ့ ( ပြိုင်ဘက်အခွေ ) … ကိုရသ ကိုဂျေမီ … ကိုစိုင်းစိုင်းခမ်းလိှုင်တို့ကိုနားထောင်သူတစ်ယောက်အနေနဲ့စတင်နားထောင်ခဲ့တယ်… ပြီးတော ကိုဂျောက်ဂျက် ကိုကျော်ကြီး… etc… ပေါ့…
အထူးသဖြင့် ကိုရသကတော့ ကျွန်တော့်ရဲ့ပထမဆုံးသောကြားဆရာပါ… နောက်မှမြင်ဖူးပြီးမြင်ဆရာပါထပ်ဖြစ်ခဲ့တာပါ… ( သူ့ကိုမလေးစားတဲ့လူအချို့ဟာလည်း သူ့အနုပညာအကြောင်းသေချာမသိသလို… သူ့သီချင်းကိုလည်းသေချာနားမထောင်ဖူးသူဖြစ်မယ်ထင်ပါတယ်…ဒါမှမဟုတ်လည်းဇွတ်မလေးစားတဲ့လူလည်းဖြစ်ချင်ဖြစ်မှာပါ ) ဒါဟာလည်းသူ့တို့ရဲ့လွတ်လပ်ခွင့်ပါ… လွတ်လပ်စွာပြောဆိုနိုင်သောခေတ်လည်းရောက်ပြီဆိုတော့ဗျားးးး ပြီးတော့ဘယ်နယ်ပယ်မှာမဆို အနုပညာစိတ်ရှိမှလည်းအနုပညာသမားကိုလေးစားတတ်မှာပါ… 😊
အဲ့လိုပြောလို့မင်းရသ သီချင်းဘယ် ၂ ပုဒ်သိလည်း… ရသအကြောင်းဘာသိလဲမေးရင် ဘာမှမသိဘူးပဲဖြေလိုက်မှာပါ…( မြန်မာသီချင်းကိုစစချင်းနားထဲ ချောချောမွေ့မွေ့စနားထောင်တတ်တာသူကြောင့်ပါ…)
ဂီတကို ၁၀ တန်းမဖြေချင်လောက်အောင်ထိရူးသွပ်သွားခဲ့တယ်…တစ်နေ့ငါစင်ပေါ်မှာပရိသတ်အများကြီးကိုဖျော်ဖြေနိုင်ရမယ်ဆိုတဲ့စိတ်နဲ့ကြိုးစားခဲ့တယ်… ခံယူချက်လည်းပြင်းပြင်းထားခဲ့တယ်… ဖြစ်အောင်လည်းလုပ်နိုင်ခဲ့ပါတယ်…
ခုချိန်ထိကျွန်တော့်ရဲ့ သင်ဆရာဆိုပြီးလက်ညိုးထိုးပြရမယ့် သင်ဆရာအချို့တော့ရှိခဲ့ပါတယ်… သူတို့ကတော့ တစ်ခါမှ ငါ့တပည့်ဆိုပြီး မပြောပေမယ့် ကျွန်တော့်ဘက်က လေးစားလွန်းလို့ကိုရင်ထဲကကိုဆရာတင်ထားတာပါ…
ဘဝရဲဲ့ပထမဆုံးသင်ဆရာတစ်ယောက်ကတော့ …
Kyaw SheinMaung ခေါ် ဒိုးပတ်ဖြစ်ပါတယ်…သေချာ
သီချင်းရေးတတ်အောင် သီချင်းတီးတတ်အောင် သီချင်းဆိုတတ်အောင် စတင်သင်ပြပေးခဲ့သောဆရာပါ…တစ်ခါမှလည်းဂုဏ်မမောက်တတ်တဲ့သူ့အကျင့်ကိုလည်းထပ်ပြီးလေးစားခဲ့ရပါတယ်… လူတိုင်းကိုခွင့်လွှတ်ပြီးအနေအေးတဲ့သူ့ Type ကိုလည်းထပ်လေးစားခဲ့ရပါတယ်… ကျွန်တော်ဒီနေရာထိရောက်လာတာ သူကစတင်ပေးခဲ့တဲ့သူဆိုလည်းမမှားပါဘူး…🙏
ဒုတိယဆရာကတော့…
WinKyawGtx ပါ… Studio ကြေးပိုက်ဆံမရှိတဲ့ကာလတွေမှာ ငွေစကားဆိုတာကိုမပြောပဲ… အလကားဆိုတာများပါတယ်… အသံကိုအကောင်းဆုံးချိန်ပေးတယ်…ဆိုဟန်လေးတွေသင်ပြခဲ့တယ်… ဆုံးမစကားတွေပြောပေးခဲ့တယ်… ဒီလောကထဲမှာလမ်းကောင်းကောင်းလျှောက်တတ်အောင်သွယ်ဝိုက်သောနည်းများစွာဖြင့်သင်ပြပေးခဲ့တယ်…🙏
တတိယဆရာကတော့ …
ကိုဝေလပါ… တစ်ရပ်ကွက်ထဲနေခဲ့တုန်းက… မင်းရဲ့ပရိသတ်သီချင်းကို ဂစ်တာနဲ့ရေးတော့ ဒုတိယအပိုဒ်ကို ရေးဖို့ ကိုဝေလက သူ့အိမ်ကိုခေါ်ပြီးစဥ်းစားကူပေးခဲ့ပါတယ်… အားလုံးကတော့ကျွန်တော်ရေးတာပါ…(ကိုဝေလနာမည်ဘာလို့မထိုးလဲဆိုပြီးလာမပြောကြပါနဲ့ )ပြီးတော့ကျွန်တော့်အတွက်ပထမဆုံးအခွေမှာလက်ဆောင်ဆိုတဲ့သီချင်းလေးကိုရေးပေးဝင်ဆိုပေးခဲ့ပါတယ်… ကျွန်တော့်အတွက်တော့အဖိုးမဖြတ်နိုင်တဲ့အမှတ်တရပါ… ပြီးတော့သီချင်းရေးရာမှာလိုအပ်တဲ့ အတွေးအခေါ်အချို့အထားအသိုအချို့ကိုလည်းသင်ပြပေးခဲ့ပါတယ်… 🙏
နောက်ဆုံးမြောက်သောဆရာကတော့ …
ကိုဇေခေါ် AungZayya ဖြစ်ပါတယ်… လမ်းကြောင်းပေါ်ရွှေထူးဆိုပြီးသေချာရောက်လာခဲ့တဲ့အချိန်မှာ စေတနာများစွာဖြင့် သူ့ရဲ့ ညီအကိုရင်းချာတစ်ယောက်လို… Music ပိုင်းဆိုင်ရာ…အရေးအသားပိုင်းဆိုင်ရာ…
ကျွန်တော့်လိုဒေါသကြီးတဲ့ကောင်ရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာ အသေးစိတ်ကအစ Professional ပီသအောင်သင်ပေးခဲ့သောဆရာပါ🙏
ကျွန်တော့် ရှေ့တွေမှာဆိုခဲ့တဲ့သီချင်းတွေပေါက်ရောက်ခဲ့တယ်… လူအများစုနှစ်သက်လက်ခံပေးကြတာ ဒီဆရာလေးယောက်ရဲ့ အရိပ်အောက်က ကျွန်တော်မလွတ်ပါဘူး… 😊
ရှေ့လျှောက်ထွက်မယ့်သီချင်းများစွာရှိပါသေးတယ်…
သီချင်းတွေကောင်းတယ်ဆိုရင် သူတို့်ကြောင့်ဖြစ်ပြီး… သီချင်းတွေမကောင်းဘူးဆို ကျွန်တော့်ကြောင့်သာဖြစ်ပါတယ်ခင်ဗျာ… 😊
နောက်ဆုံးအရေးအကြီးဆုံးလူအများကြီးရှိပါသေးတယ်ခင်ဗျာ… အဲ့တာကတော့ ပရိသတ်ပါ… နားဆင်သူအားပေးသူမရှိပဲ ကျွန်တော်ဒီနေရာကိုမရောက်လာနိုင်ပါ… အနုပညာနဲ့ Personal ကွဲကဲွဲပြားပြားသိပြီး
Artist တွေကို ကိုယ့်ရဲ့ချွေးနည်းစာ မုန့်ဖိုး လုပ်အားခများနဲ့အားပေးကြတဲ့ပရိသတ်များကိုလည်းလေးစားလျက်ပါ… ကျေးဇူးတင်ထိုက်တဲ့ပရိသတ်အားလုံးကိုလည်းဒီနေရာမှကျေးဇူးတင်ပါတယ်ခင်ဗျာ…🙏🙏🙏
ကျွန်တော့အပေါ် ကောင်းခြင်းဖြစ်ဖြစ် ဆိုးခြင်းဖြစ်ဖြစ်ဒီနေရာထိရောက်အောင်​အခြားသော Support ပေးခဲ့ကြတဲ့ လူတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 😊
ရေးရတာလည်းအတော်ငြောင်းသလိုဖတ်ရတာလည်းအတော်မောလောက်ပြီထင်သောကြောင် ဒီစာကိုဒီမှာတင်နိဂုံးချုပ်လိုက်ပါတယ်”ခင်ဗျာ… 😊လို့ သူရဲ့Facebook စာမျက်နှာမှာရေးထားတာတွေ့ရပါတယ်။
လေးစားလျက် ရွှေထူး

Comments

0 comments