Advertisement

ကမ္ဘာကြီးကို ကာကွယ်ဖို့ နိုင်ငံပတ်ဝန်းကျင်နဲ့ မိသားစုတွေကိုကာကွယ်ဖို့ ဒီလိုဒုက္ခတွေနဲ့ ခက်ခက်ခဲခဲနေပေးနေတာပါ. ခက်ခဲလည်း ကြိုးစားပြီး ဆက်နေပေးသွားမှာပါဘဲ

သရုပ်ဆောင် ထက်ထက်ထွန်းဟာဆိုရင် အနုပညာလောကထဲကို Miss တစ်ယောက်အနေနဲ့စတင်ဝင်ရောက်ခဲ့ပြီး ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးကာ ပရိသတ်အားပေးမှုကိုရရှိလာတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။ အခုချိန် Stay Home ကာလအိမ်ထဲမှာနေရတဲ့တာလူတိုင်းအတွက်မလွယ်တဲ့အကြောင်းကို သူမရဲ့ Facrbook စာမျက်နှာမှာအခုလိုရေးထားတာတွေ့ရပါတယ်။
 
#Stay_Home_ရတာမလွယ်ပါဘူး
တစ်ချို့ကပြောတယ် လွယ်ပါတယ်တဲ့ အိပ်လိုက် စားလိုက် ဖုန်းလေးပွတ်လိုက်လုပ်ရုံလေးမို့ ဒါလေးတောင်မလုပ်ပေးနိုင်ဘူးလားဆိုတာတွေ စဥ်းစားကြည့်ကြတာပေါ့နော် …
#အိပ်လိုက် ဆိုတာက အိမ်ပိုင်ရှိနေသူတွေအတွက်လွယ်ပေမယ့် အိမ်ပိုင်မရှိသူတွေကတော့ အိပ်နေတဲ့ ကျောတစ်ပြင်စာဟာ ဘယ်နေ့ဘုံပျောက်မယ်မသိ ကျောမလုံလို့ အိပ်မပျော်ပါဘူး
#စားလိုက် ဆိုတာကလည်း စုမိဆောင်းမိရှိသူတွေကတော့ လက်ရှိဝင်ငွေမရှိလည်း စုထားတာလေးတွေကို ဒီချိန်မှာအကုန်ထုတ်ပြီး အိမ်ထဲမှာနေပြီး ထမင်း ၂နပ်မှန်အောင်စားနိုင်ပေမယ့်
တစ်နေ့လုပ်တစ်နေ့စားတွေရယ် ၊ လကုန်ရက် လစာလေးရမှ တစ်မိသားစုလုံး စားဖို့ထမင်းဖိုးလေးရမယ့်သူတွေကြတော့ … အင်း… လွယ်တယ်လို့ ပြောလို့ရပါဦးမလား
 
နောက်ဆုံးပြောတဲ့ #ဖုန်းလေးပွတ်လိုက် ဆိုတာလေးကိုလည်းများကြီးတွေးစရာတောင်မလိုတော့ဘူးထင်ပါတယ် … တတ်နိုင်သူတွေကတော့ အိမ်မှာ Wifi လေးနဲ့ တစ်နေကုန် ဖွဘုတ်ပွတ်မလား Live လွှင့်မလား Tik Tok ရိုက်မလား သူများရိုက်ထားတဲ့ video တွေကြည့်မလား ???
အလုပ်မရှိ အိမ်မှာနေပြီး ထမင်းတစ်နပ်တောင်ခက်ခဲနေသူတွေအတွက်တော့ Wifi လည်းမတတ်နိုင် ဖုန်းတောင် ပွတ်စရာမျက်နှာပြင်မပါတာလေးတွေနဲ့ ဖုန်းဘေ ၁၀၀၀ ဖြည့်ဖို့တောင်အနိုင်နိုင်ပါ
ဟုတ်ပါတယ် အသက်ထက်ဘယ်အရာမှ အရေးမကြီးပါဘူး ကျန်းမာရေးထက် ဘယ်အရာမှ ဦးစားမပေးနိုင်ပါဘူး …မှန်ပါတယ် ✔️✔️✔️
ဒါကြောင့် ဘဝအခြေအနေမျိုးစုံနဲ့ အလွှာပေါင်းစုံကလူတိုင်းကတော့ အကောင်းဆုံးဖြစ်အောင် ခက်ခက်ခဲခဲနဲ့ အိမ်မှာ ဒုက္ခမျိုးစုံနဲ့နေရတာပါ …
ကမ္ဘာကြီးကို ကာကွယ်ဖို့ နိုင်ငံပတ်ဝန်းကျင်နဲ့ မိသားစုတွေကိုကာကွယ်ဖို့ ဒီလိုဒုက္ခတွေနဲ့ ခက်ခက်ခဲခဲနေပေးနေတာပါ …
ခက်ခဲလည်း ကြိုးစားပြီး ဆက်နေပေးသွားမှာပါဘဲ
ဒါကြောင့် တစ်ခုဘဲပြောချင်တာကတော့
#ဒီလောက်လွယ်တာလေးဘဲလုပ်ပေးပါ ဆိုပြီးတော့ အိမ်မှာနေပေးနေတဲ့ သူရဲကောင်းတွေကို #ဂျင်းအားပေးစကားတွေမပြောပါနဲ့ … အားပေးစကားမဖြစ်ဘဲ စော်ကားနေသလိုပါဘဲ …
အိမ်မှာ အိပ်လိုက် စားလိုက် ဖုန်းပွတ်လိုက်လုပ်ပြီး #လွယ်လွယ်လေး ကမ္ဘာကိုကယ်တင်နေတာမဟုတ်ပါဘူးလို့  ရေးထားပါတယ်။
အဲဒီတော့အိမ်ထဲမှာနေပြီး အားလုံးအဆင်ပြေကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Comments

0 comments