Advertisement

ဒီအချိန်မှာ တိုင်ရွန်နဲ့ထပ်တူခံစားနေရမယ်ထင်ပါတယ်။ အားလုံးစိတ်ဓာတ်မကျပဲ ဒီကာလကြီးပြီးရင် အားလုံးပျော်ရွှင်စွာပြန်ဆုံကြမယ်နော်
 
 

ယောင်္ကျားပီသတဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး မိန်းကလေးပရိသတ်တွေရဲ့အားပေးမှုတွေကိုရရှိထားတဲ့ သရုပ်ဆောင် တိုင်ရွန်ကတော့ အလုပ်တွေမလုပ်ရပဲ အိမ်ထဲမှာနေရတာကြာလာတဲ့အတွက် သူရဲ့ခံစားချက်တွေကိုအခုလိုရင်ဖွင့်ထားပါတယ်။
အဓိပ္ပါယ်မဲ့တဲ့ ညတွေဖြတ်သန်းရင်းငါတို့တွေ အဓိပ္ပါယ်မဲ့စွာ မျက်နှာသစ်ခဲ့ကြတယ် မျှော်လင့်ချက်ကို breakfast လုပ်စားရင်း
အသက်မဲ့တဲ့ ရီသံတွေနဲ့မျှောချခဲ့ကြတယ်အဝင်မရှိတဲ့ ပိုက်ဆံအိတ်ကိုဖြဲရင်းချောင်နေတဲ့ ဇစ်ကိုမသိချင်ယောင်ဆောင်ခဲ့ကြတယ်
မကြားချင်တဲ့ သတင်းတွေကို မမြင်ချင်တဲ့ မျက်စိတွေနဲ့ မသိချင်ယောင်ဆောင်နားထောင်နေရတယ်မပင်ပန်းတဲ့နေ့လည်စာက ငါတို့ကို တစ်ပန်းကန်တောင်မကုန်စေခဲ့ဘူး ချွေးမထွက်တဲ့လက်အစုံက အိမ်ရှေ့ဝရံတာကိုကိုင်ပြီး အသံ မရှိတဲ့ လမ်းမတွေကိုငေးနေမိခဲ့တယ်
မျှော်လင့်ချက် အားမရှိတဲ့ ခြေလှမ်းအနည်းငယ်သာ ငါမြင်နေရတယ် တစ်နေ့လုပ်မှ တစ်နေ့စားရမဲ့ မိသားစုတွေက လမ်းပေါ်မှာ သေမင်းထက် ညနေစာမရှိမှာကို ပိုပြီးလန့်နေကြတယ် ဦးနှောက်မပါတဲ့ ခေါင်းအုံး ပေါ်လှဲရင်း မျှော်လင့်ချက်တွေ card ပြည့်နေတဲ့ အတွေးတွေကိုထပ်ပြီး အလုပ်တွေပေးနေမိတယ် သို့သော်ပျော်ရွှင်ခြင်း ကြောက်ရွံ့ခြင်း သံသယဖြစ်ခြင်း မျှော်လင့်ချက်တွေကိုလက်မ တချောင်းနဲ့ တွန်းဖယ်ရင်း မသုံးချင်တဲ့ ဖုန်းကို အပျင်းပြေသုံးနေမိတယ် ဒီလိုနဲ့ ညနေစောင်းခဲ့ပြန်ပေါ့ ဘာခံစားရမလဲမသိအရင်ကဆို မျှော်လင့်ခဲ့ရတဲ့ညစာက မစားချင်တော့သလို ပင်ပန်းတဲ့ အချိန်တွေကိုဘဲ ညစာနဲ့လဲလှယ်ချင်နေမိတယ် ရယ်နေမိတယ်တိုးလာတာဆိုလို့ သောကတွေဘဲရှိတဲ့
TV သတင်းကို နားထောင်ရင်း ရှစ်လလုံးလုံးတွေးနေတဲ့အမြန်ဆုံးပြီးပါတော့ ဆိုတဲ့ ဆုတောင်းစကားကိုသာ တစ်ယောက်ထည်း အကျယ်ကြီးအော်နေမိတယ်တစ်နေကုန် တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်က အသံတင်မက ရုပ်ပါမလာတော့ အမှောင်ကျလို့ ညရောက်လာ ခဲ့ပြီ
သဘာဝကသာည စိတ်က မနက်ဖြစ်နေတဲ့ error ဖြစ်နေတဲ့ ကြောင်တောင်တောင်မျက်လုံးတွေက အိပ်ဖို့ မေ့နေခဲ့တယ်
တွေးရင်းတွေးရင်း ကြက်တွေတောင်ထတွန်ပါရောလား အိပ်သင့်ပီလို့တွေးရင်းကလန်ကဆန် မျက်လုံးတွေက အတင်းအဓမ္မမှိတ်သွားရှာတယ် သက်ပြင်းတချက်ချလိုက်ရင်း ခပ်သဲ့သဲ့ တွေးလိုက်တယ်ဒီကာလကြီးအမြန်ပြီးပါစေတော့   တိုင်ရွန် တွေးမိသမျှလျှောက်ရေးသည်လို့သူရဲ့Facebook စာမျက်နှာမှာရေးထားတာကိုပါတယ်။
ချစ်တဲ့ပရိသတ်တွေလည်း ဒီအချိန်မှာ တိုင်ရွန်နဲ့ထပ်တူခံစားနေရမယ်ထင်ပါတယ်။ အားလုံးစိတ်ဓာတ်မကျပဲ ဒီကာလကြီးပြီးရင် အားလုံးပျော်ရွှင်စွာပြန်ဆုံကြမယ်နော်
Tags: celebrityCeleNewsTyron

Comments

0 comments