Advertisement
ပရိသတ်တွေကြားမှာ အရမ်းချစ်ကြတဲ့ မနဲ့မောင် စုံတွဲလို့လူသိများတဲ့ ဘေဘီမောင်နဲ့သားဂန်းတို့စုံတွဲကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၄ရက်နေ့က မင်္ဂလာဦးဆွမ်းကျွေးအခမ်းအနားကို လှည်းကူးမြို့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
သားဂန်းနဲ့ဘေဘီမောင်တို့ရဲ့ ချစ်ကြည်နူးမှုတွေနဲ့တစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ဂရုစိုက်တတ်တဲ့ အမူအကျင့်လေးတွေကြောင့်ပဲ ပရိသတ်တွေအချစ်ပိုခဲ့ရတဲ့ စုံတွဲလဲဖြစ်ပါတယ်။
မင်္ဂလာအမှတ်တရအနေနဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီး တိုက်ရိုက် Live လွှင့်ပြီးစကားပြောသွားမဲ့အစီအစဉ်နဲ့အတူ အမှတ်တရလက်ဆောင်လေးတွေလဲ မဲဖောက်ပေးသွားမယ်လို့ ဘေဘီမောင်က သူမရဲ့ Social Media အကောင့်မှတစ်ဆင့်မျှဝေပေးထားပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦးရဲ့ ချစ်ကြည်နူးမှုတွေနဲ့ပြည့်ဝနေတဲ့ ပုံရိပ်လေးတွေကိုလဲ Marry Myanmar ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

Comments

0 comments