Advertisement

အဖွဲ့ဖျက်သိမ်းပြီး သုံးနှစ်အတွင်းမှာ ပထမဆုံးအကြိမ် သီချင်းအသစ်ထွက်ရှိလာတော့မယ့် Wanna One

Produce 101 second season ရဲ့ winner အဖွဲ့ Wanna One ကို ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တရားဝင် အဖွဲ့ဖျက်သိမ်းခဲ့ပြီးပါပြီ။ အချိန်တွေကြာခဲ့ပြီဖြစ်ပေမယ့်လည်း Wanna One ပြန်လည်ပေါင်းစည်းဖျော်ဖြေဖို့ မျှော်လင့်နေတဲ့သူတွေ အများကြီးရှိနေဆဲပါ။ Mnet ကလည်း Wanna One အဖွဲ့ဝင်အားလုံးပါတဲ့ ဖျော်ဖြေမှုတွေ ပြုလုပ်သွားဖို့ အစီအစဥ်တွေရှိကြောင်း ကြေငြာခဲ့ပါတယ်။

သုံးနှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကျင်းပခဲ့တဲ့  ‘2021 Mnet Asia Music Awards’ မှာ Wanna One အဖွဲ့ဝင်အားလုံးနီးပါး (တရုတ် member Lai Kuan-lin မပါ) “Beautiful Part 3” သီချင်းသစ်နဲ့  တဖန်ပြန် စင်မြင့်ပေါ်  ပြန်ရောက်လာခဲ့ပါပြီ။ ဒီ Mnet ပွဲမှာ “Beautiful (Part 3)” သီချင်းအသစ်နဲ့အတူ  “Energetic,” “Burn It Upနဲ့”Spring Breeze” သီချင်းတွေကိုလည်း group performed တင်ဆက်ခဲ့ပါတယ်။

နောက်ထပ် သတင်းကောင်းကတော့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ Wanna One ရဲ့ “Beautiful Part 3” သီချင်းသစ်ထွက်ရှိမှာဖြစ်တယ်လို့ တရားဝင် ကြေငြာခဲ့ပါတယ်။ အသစ်ထွက်ရှိမယ့် သီချင်းသစ်မှာတော့ အဖွဲ့ဝင်အားလုံးနီးပါး ပါမှာဖြစ်ပြီး အငယ်ဆုံး တရုတ်အဖွဲ့ဝင်ဖြစ်တဲ့ Lai Kuan-lin ပါဝင်လာမှာလားဆိုတာကတော့ မသေချာသေးပါဘူး။

Ref: allkpop

Comments

0 comments