Advertisement

လိုအပ်တဲ့အရာများ

-ရေဘဝဲ

-အကြော်ခံမှုန့်

-ပြောင်းဖူးမှုန့်

-နနွင်း

-ငရုတ်ကောင်း

-အရသာမှုန့်

-ပေါင်မုန့်ခြောက်မှုန့်

-ကြက်ဥ

-မရောနိစ်

ချက်ပြုတ်နည်း

ရေဘဝဲကိုသန့်စင်အောင်ဆေးကြောပါ။ရေဘဝဲကို အကွင်းကွင်းလေးတွေလှီးထားပါ။ပီးရင် အကြော်ခံမှုန့်ပြောင်းဖူးမှုန့်နဲ့ရောပြီးအရသာမှုန့်နနွင်းမှုန့် ငရုတ်ကောင်းမှုန့်လေးထည့်နယ်ပေးပါ။ကြက်ဥလေးတွေကိုလဲ ခေါက်ထားပေးပါ။လှီးထားတဲ့ ရေဘဝဲကွင်းလေးတွေကို နယ်ထားတဲ့အမှုန့်လေးတွေထဲထည့်နယ်ပေးပါ။ပီးရင် ကြက်ဥအရည်ထဲနှစ်ပေးပါ။ပီးမှပေါင်မုန့်ခြောက်မှုန့်နဲ့ကပ်ပါ။ပီးရင်တော့ ဆီပူပူထဲတွင်ထည့်ကြော်လိုံရပါပြီ။ရရှိလာတဲ့ ရေဘဝဲကွင်းကြော်ပူပူလေးတွေကို မရောနိစ်လေးနဲ့ အရသာရှိစွာတွဲဖက်စားသုံးနိုင်ပါပြီ။

Comments

0 comments