Advertisement

မနက်စာ စားသူတွေက မစားသူတွေထက် ဗီတာမင်နဲ့ သတ္ထုဓါတ်တွေ ပိုမိုစုပ်ယူနိုင်ပါတယ်။

လူအယောက် ၁၀၀ မှာ ၇၅ ဥ◌ီးလောက်က မနက်စာ ကောင်းကောင်းကန်းကန်မစားဖြစ်ကြပါဘူး။ အိပ်ယာမနိုးတာရော၊ ဘာစားရမှန်းမသိတာရော၊ အပြင်ထွက်စားဖို့ အဆင်မပြေတာတွေကြောင့် မနက်စာ လွတ်ပါတယ်။

Photo by Blushin

ရေတစ်ဖန်ခွက်နဲ့ ငှက်ပျောသီးတစ်လုံး

မနက်စာကို ရေတစ်ဖန်ခွက်နဲ့ ငှက်ပျောသီးတစ်လုံး စတင်လိုက်ပါ။ ရေတစ်ဖန်ခွက်နဲ့ ငှက်ပျောသီးတစ်လုံးက တကယ်တမ်းတော့ မနက်စာအတွက် မလုံလောက်ပါဘူး။ ဒါပေမယ့် ဒီနှစ်မျိုးက ခန္ဓာကိုယ်အပေါ် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေရှိနေလို့ပါ။

Photo by Times of India

မနက်စာ မစားခင်

မနက်ခင်း ကော်ဖီအမြဲသောက်နေတဲ့သူဆိုရင် မသောက်ခင် ရေတစ်ခွက်နဲ့ ငှက်ပျောသီးတစ်လုံးစားပြီးမှ ကော်ဖီသောက်ပါ။ မနက်ခင်းမှာ ခန္ဓာကိုယ်အတွက် ခွန်အားတွေရရှိစေပါတယ်။ မနက်စာရဲ့ အာဟာရဓါတ်က တစ်နေ့တာလုပ်ငန်းဆောင်တာတွေ အာရုံစူးစိုက်မှု ပိုထိရောက်အောင် အကူအညီပေးပါတယ်။ အစာခြေဖျက်ဖို့ စတင်ရာမှာ ခန္ဓာကိုယ်တစ်နေ့တာလိုအပ်တဲ့ အာဟာရဓါတ်တွေကို ပိုမိုစုပ်ယူနိုင်မှာဖြစ်ပါတယ်။

မနက်ခင်း ရေတစ်ခွက်နဲ့ ငှက်ပျောသီးတစ်လုံး အကျိုးကျေးဇူး

  • ကိုယ်အလေးချိန် ကျစေတယ်။
  • အစာချေဖျက်မှုအားကောင်းတယ်။
  • ဇီဝဖြစ်ပျက်မှုကို အရှိန်မြှင့်ပေးတယ်။
  • အမျှင်ဓါတ်ရစေတယ်။
  • ဗိုက်ပြည့်တဲ့ ခံစားချက်ရစေတယ်။

Comments

0 comments