Advertisement

ကိုယ်လိုချင်တဲ့ အနူးအနေအထားအထိ ကြော်ပါ။ အားလုံး နူးပြီဆိုရင် အရသာမြည်းပြီး မီးပိတ်လို့ ရပါပြီ။

ချစ်တို့ရေ အရသာရှိပြီး အာဟာရလည်း ဖြစ်မယ့် ဟင်းတစ်မယ်လောက် ချက်စားကြည့်ရအောင်။ ချစ်တို့ရေ ထမင်းနဲ့ပဲ စားစား သူ့ချည်းပဲ စားစား ကောင်းမွန်တဲ့ ပဲကြာဇံလေး ကြော်ကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံ- အထုတ်သေး(၂) ထုပ်
  • မုန်လာဥနီ- တစ်ဝက်
  • ပဲငံပြာရည်အကြည်- လက်ဖက်စားဇွန်း(၁) ဇွန်း
  • ဂေါ်ဖီ- အနည်းငယ်
  • နံနံပင်- အနည်းငယ်
  • ကြက်သွန်မြိတ်- အနည်းငယ်
  • အရသာမှုန့်- အနည်းငယ်
  • ကြက်သွန်ဖြူ- (၃ )မွှာ
  • ဟင်းနုနွယ်ရွက်- အနည်းငယ်
  • ကြက်သား- (၅) ကျပ်သား

ပဲကြာဇံကြော်နည်း

  1. ချစ်တို့ရေ ပထမဦးဆုံး ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပါ။ အရသာမှုန့် နယ်ထားပါ။
  2. ပဲကြာဇံကို အရင်ဆုံး (၁၅) မိနစ်လောက် ရေစိမ်ထားပါ။
  3. အသီးအရွက်တွေကို ကိုယ်လိုချင်တဲ့ အနေအထားရအောင် လှီးထားပါ။
  4. အားလုံး ပြင်ဆင်ပြီးပြီဆိုရင်တော့ အိုးပူထဲမှာ ဆီနည်းနည်းလေး ထည့်ပြီး ကြက်သားတွေကို အရင်လုံးထားလိုက်ပါ။
  5. ပြီးရင် ပန်းကန်တစ်ခုနဲ့ ဖယ်ထားပါ။
  6. အိုးထဲမှာ ဆီပူအောင် ထားပြီး ကြက်သွန်ဖြူကို တပြားရိုက်ပြီး ထည့်ပါ။
  7. ပြီးရင် လှီးထားတဲ့ အရွက်တွေကို ထည့်ကြော်ပါ။
  8. အရွက်တွေ နူးလာခါနီးရင် ပဲကြာဇံထည့်ပါ။
  9. ဖယ်ထားတဲ့ ကြက်သား ထည့်ပါ။
  10. အရသာမှုန့် ထည့်ပါ။
  11. ကိုယ်လိုချင်တဲ့ အနူးအနေအထားအထိ ကြော်ပါ။
  12. အားလုံး နူးပြီဆိုရင် အရသာမြည်းပြီး မီးပိတ်လို့ ရပါပြီ။

 

 

Comments

0 comments