Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ကျောက်ကပ်ကို ဂရုစိုက်ချင်တယ်၊ ကျန်းကျန်းမာမာ ရှိနေစေချင်တယ်ဆိုရင်တော့ အခုပြောပြထားတဲ့ အစားအသောက်တွေကို စားပေးဖို့ မမေ့နဲ့နော်။

ချစ်တို့ရေ အသားအရေတွေပဲ ဂရုစိုက်မနေနဲ့ဦးနော်။ ကျန်းမာရေး ကောင်းဖို့အတွက် ကိုယ့်ရဲ့ အတွင်းကလီစာတွေကိုလည်း ဂရုစိုက်ရမယ်နော်။ ချစ်တို့ အတွင်းကလီစာတွေ ဂရုစိုက်မယ်ဆိုရင် အစားအသောက်တွေ သတိထားဖို့ လိုပါတယ်။ ကိုယ်စားလိုက်တဲ့ အစားအစာတွေက ကိုယ့်ရဲ့ကလီစာတွေအတွက် ကောင်းမွန်မှ ကျန်းမာမှာပါ။ ဂရုစိုက်ရမယ့် ကိုယ်တွင်းကလီစာတွေထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ ကျောက်ကပ်မကောင်းဘူးဆိုရင် ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကျောက်တည်တာ၊ ကျောက်ကပ်ကင်ဆာတွေ ဖြစ်လာနိုင်တယ်လေ။ အဲဒီလို အခြေအနေတွေကို ကြိုတင်ကာကွယ်ချင်တယ်ဆိုရင်တော့ ကျောက်ကပ်ကျန်းမာရေး ကောင်းစေမယ့် အစားအစာတွေ စားပေးဖို့ လိုပါတယ်။

ပန်းသီး

ပန်းသီးကတော့ ကိုယ့်ရဲ့လက်တကမ်းမှာပဲ ရှိတဲ့ အသီးတစ်မျိုးမလို့ စားဖြစ်ကြမှာပါ။ ထူးထွေပြင်ဆင်စရာလည်း မလိုတော့ အဆင်ပြေတယ်လေနော်။ ပန်းသီးမှာ အမျှင်ဓါတ်များများ ပါဝင်ပြီး ကိုလက်စထရော ပမာဏကို နည်းစေတာမို့ ကျောက်ကပ်အတွက် ကောင်းမွန်စေပါတယ်။ နောက်ပြီး ဗီတာမင်စီလည်း ပါဝင်တာမလို့ ကျန်းမာရေးအတွက်လည်း ကောင်းစေတယ်နော်။

ရေ

ကျောက်ကပ်အတွက် အဓိကကတော့ ရေပဲနော်။ ရေများများသောက်ရင် ကျောက်ကပ်ကောင်းတယ်ဆိုတာ ကြားဖူးပြီးသား ဖြစ်မှာပါ။ ရေများများ သောက်တာက ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတောက်တွေကို စစ်ထုတ်ပြီးသား ဖြစ်သလို ဆီးကောင်းကောင်းသွားနိုင်ဖို့လည်း အထောက်အကူပြုတယ်လေနော်။ ရေဆာမှ သောက်တာထက် ရေများများသောက်ဖြစ်အောင် သတိထားပြီး သောက်ပါ။

(photo: casasensei.com)

ဟင်းရွက်စိမ်း

ကျောက်ကပ်ကျန်းမာရေး ကောင်းလာအောင် များများစားပေးရမယ့်အထဲမှာ ဟင်းရွက်စိမ်းလည်း ပါတယ်နော်။ ဟင်းနုနွယ်ရွက်၊ ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ ကိုက်လန်၊ ဆလပ်ရွက်လိုမျိုး အစိမ်းရောင်ရှိတာတွေပေါ့။ သူတို့တွေထဲမှာ ဓါတ်တိုးဆန့်ကျင်တာတွေ အများကြီး ပါတဲ့အပြင် အမျှင်ဓါတ်လည်း ပါတဲ့အတွက် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းဖို့ အထောက်အကူ ပြုပေးပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥကြိုက်တယ်ဆိုရင်တော့ ကျောက်ကပ်အတွက် ကောင်းစေတာမလို့ စားပေးသင့်တယ်နော်။ ကန်စွန်းဥမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပါဝင်ပြီး အဲဒါက ဆိုဒီယမ်ပမာဏကို ညှိပေးနိုင်ပြီး ကျောက်ကပ်အတွက် ဆိုးကျိုးတွေဖြစ်လာခြင်းကို လျှော့ချပေးနိုင်ပါတယ်။

 

 

Tags: food

Comments

0 comments