Advertisement

ပါဝင်ပစ္စည်းများ

-ကြက်သား

-ဒိန်ချဥ်

-အသားမဆလာ

-ကြက်သားမှုန့်

-ဆား

-သီဟိုစေ့

-စပျစ်သီးခြောက်

-ကရဝေးရွက်

-လေးညှင်းပွင့်

– ဖာလာစေ့

-သစ်ကြမ်းပိုးခေါက်

– ထောပတ်

-ဇီယာ

-ကြက်သွန်နီ

-ကြက်သွန်ဖြူ

-ငရုတ်သီးခြောက်အတောင့်

-သကြား

 

အရင်ဦးဆုံးထောပတ်ထမင်းချက်ဖို့အတွက် ဆီပူအောင်တည်ထားပါ။ပြီးလျှင် ကြက်သွန်နီပါးပါးလှီးပြီး ဆီသတ်ပါ။ထောပတ်ထည့်ပါ။ လေးညှင်းပွင့် ဖာလာစေ့ သစ်ကြမ်းပိုးခေါက်နဲ့ သီဟိုစေ့နဲ့စပျစ်ခြောက်တို့ကိုရောထည့်ပြီးမွှေပေးပါ။ပြီးလျှင်ဆန်ကိုထည့်ပြီး ၃မိနစ်လောက်မွှေပေးပါ။ဆန်အနံ့လေးမွှေးလာပြီဆိုတာနဲ့ ပေါင်းအိုးထဲထည့်ပြီး ရေကိုချက်မည့်ဆန်အနေအထားနဲ့ချိန်ပြီးထည့်ပါ။ပေါင်းအိုးထဲသို့ အရသာအတွက် ဆားနဲ့သကြားထည့်ပါ။

ကြက်သားနှပ်ဖို့အတွက်ကြက်သားထဲကို ဆား၊အသားမဆလာ၊ကြက်သားမှုန့်၊ဒိန်ချဥ်နဲ့ နနွင်းမှုန့်ထည့်နယ်ပြီးနှပ်ထားပေးပါ။

ကြက်သားဟင်းချက်ဖို့အတွက် ကြက်သွန်အဖြူ အနီဂျင်းထောင်းထည့်ပြီး ငရုပ်သီးအစိမ်းမှုန့်၊ငရုတ်သီခြောက်းအရှည်ထောင့်၊ကရဝေးရွက်နဲ့ ဇီယာထည့်ပြီးမွှေပေးပါ။ပြီးမှနှပ်ထားတဲ့ကြက်သားတွေကိုထည့်ပြီးမွှေပေးပါ။ကြက်သားနူးသည်အထိ ရေကိုလိုသလောက်ထည့်ပြီးတည်ထားပေးပါ။ဟင်းအိုးဆီပြန်လာပြီဆိုရင်တော့ မဆလာအုပ်ပြီး ဟင်းအိုးချလို့ရပါပြီ။

ဒါဆိုရင်တော့လုပ်ရတာလဲလွယ်ကူပြီး စားလို့လဲအရသာရှိတဲ့ ထောပတ်ထမင်းနဲ့ ကြက်သားဟင်းရပါပြီ။

Comments

0 comments