Advertisement

ကိုယ်ကြိုက်တဲ့ အရသာ ရပြီဆိုရင်တော့ ကြက်သွန်နီကြော်ထားတာလေး အပေါ်ကနေ ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

နေ့လယ်နေ့ခင်း အပျင်းပြေ အရွက်သုပ်လေးတစ်ခုခု စားချင်တယ်ဆိုရင်တော့ ဆေးဖက်လည်းဝင် အရသာလည်း ရှိတဲ့ မြင်းခွာရွက်သုပ်ကိုပဲ ရွေးလိုက်ပါ ချစ်တို့ရေ….။ မြင်းခွာရွက်သုပ် စိမ့်စိမ့်လေးကို ရေနွေးကြမ်းနဲ့ စားလိုက်မယ်ဆိုရင် အရသာကို ပိုကောင်းမှာနော်။ ကဲ…ခုပဲ မြင်းခွာရွက် သုပ်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မြင်းခွာရွက်-(၂) စည်း
  • ကြက်သွန်နီ_ အလုံးကြီး(၂) လုံး
  • မြေပဲဆန်- အနည်းငယ်
  • ဆီ
  • ဆားနဲ့ ဟင်းခတ်မှုန့်- အနည်းငယ်
  • ပုဇွန်ခြောက်မှုန့်- အနည်းငယ်
  • သံပုရာသီး_ (၁)လုံး

အသုပ်သုပ်နည်း

ပထမဆုံး မြင်းခွာရွက်တွေကို သေချာဆေးကြောပြီး ပါးပါးလေး လှီးထားပါ။ နောက်တော့ ကြက်သွန်နီနှစ်လုံးကို ပါးပါးလှီးပြီး တစ်လုံးကို ကြက်သွန်နီကြော် ကြော်ပါ။ တစ်လုံးကိုတော့ ရေဆေးထားပြီး သုပ်တဲ့အထဲ ထည့်ဖို့ ပြင်ထားပါ။ ကြက်သွန်နီ ဆီချက်လုပ်ပြီးပြီဆိုရင်တော့ မြေပဲဆန် ထောင်းထားလိုက်ပါ။

အပေါ်မှာ ပြောပြထားတဲ့ အချက်တွေ ပြင်ပြီးပြီဆိုရင်တော့ ပန်းကန်ထဲမှာ မြင်းခွာရွက်ထည့်ပါ။ ထောင်းထားတဲ့ မြေပဲဆန်၊ ဆားနဲ့ ဟင်းခတ်မှုန့်၊ ကြက်သွန်နီလှီးထားတာတို့ကို အရင်ဆုံး နယ်ပါ။ ပြီးမှ ဆီချက်ထားတဲ့ထဲက ဆီနည်းနည်းနဲ့ ရောနယ်ပါ။ အရသာ မြည်းကြည့်ပြီး သံပုရာသီးအရည်နဲ့ ဆားတို့ကို ထပ်ထည့်ပါ။ ကိုယ်ကြိုက်တဲ့ အရသာ ရပြီဆိုရင်တော့ ကြက်သွန်နီကြော်ထားတာလေး အပေါ်ကနေ ဖြူးပြီး သုံးဆောင်နိုင်ပါပြီ။

Comments

0 comments