Advertisement

သမအောင် မွှေပြီးလို့ ထောပတ်နံ့လေးနဲ့ ထမင်းကြော်နံ့လေး ရလာပြီဆိုရင်တော့ ငရုတ်ကောင်းလေး နည်းနည်းလောက် ဖြူးပြီး မီးဖိုပေါ်ကနေ ချလို့ ရပါပြီ။

ချစ်တို့ရေ ထမင်းနဲ့ဟင်းအမယ်တွေပဲ မစားချင်တော့ဘူးဆိုရင် ထမင်းကို အသားတစ်မျိုးမျိုးနဲ့ ကြော်ပြီး စားလို့ ရတယ်နော်။ ကြော်ရတာလည်း မခက်တာမလို့ ချစ်တို့ လွယ်လွယ်ကူကူနဲ့ မြန်မြန်ဆန်ဆန် ကြော်စားလို့ ရမှာပါ။ ဒီတစ်ခေါက်မှာတော့ ကြက်သားထမင်းကြော် ကြော်နည်းလေး ဖော်ပြပေးလိုက်တယ်နော်။ ကြက်သားနဲ့ မစားချင်ဘူးဆိုရင်လည်း ဝက်သား၊ ပုဇွန်တို့နဲ့ ကြော်စားလို့ ရတယ်နော်။

ပါဝင်ပစ္စည်းများ

  • ဆား၊ ဟင်းချိုမှုန့်
  • ငရုတ်ကောင်း
  • ကြက်သား
  • မုန်လာဥနီ
  • ပန်းဂေါ်ဖီ
  • ပြောင်းဖူးအသေး
  • ပဲသီး
  • ထောပတ်
  • ထမင်း

ကြက်သားထမင်းကြော်

ကြက်သားထမင်းကြော် ကြော်နည်း

အပေါ်မှာ ပြောပြထားတဲ့ ပါဝင်ပစ္စည်းတွေက ကိုယ်ကြော်စားမယ့် ပမာဏပေါ် မူတည်ပြီး ကိုယ့်စိတ်ကြိုက် ထည့်လို့ ရတယ်နော်။

  1. ပထမဥ◌ီးဆုံး ကြက်သားကို အတုံးသေးလေးတွေ တုံးထားပါ။
  2. ပြီးရင် အသီးအနှံတွေကိုလည်း ခပ်သေးသေးလေးတွေလှီးပါ။
  3. ပြီးရင်တော့ ရေနွေးဆူဆူထဲမှာ လှီးထားတဲ့ အသီးအရွက်တွေနဲ့ ကြက်သားတွေကို ထည့်ပြုတ်လိုက်ပါ။
  4. အရမ်းနူးအိအောင် ပြုတ်တာပဲ မဟုတ်ဘဲ အစိမ်းနံ့ နည်းနည်းပျောက်တဲ့အထိပဲ ပြုတ်ပါ။
  5. ပြီးရင်တော့ ဆီဆူလာပြီဆိုရင် ပြုတ်ထားတာတွေ ထည့်ကြော်ပါ။
  6. အရောင်လေး နည်းနည်း ပြောင်းလာပြီဆိုရင် ထောပတ်ထည့်ပါ။
  7. ထောပတ်နဲ့ အသီးအသားတွေ ကျက်လောက်ပြီဆိုရင် ထမင်းထည့်ပါ။
  8. ကိုယ်လိုချင်တဲ့ အရသာအတိုင်း ဆား၊ ဟင်းချိုမှုန့်နဲ့ ခရုဆီတို့ကို ထည့်ပါ။
  9. သမအောင် မွှေပြီးလို့ ထောပတ်နံ့လေးနဲ့ ထမင်းကြော်နံ့လေး ရလာပြီဆိုရင်တော့ ငရုတ်ကောင်းလေး နည်းနည်းလောက် ဖြူးပြီး မီးဖိုပေါ်ကနေ ချလို့ ရပါပြီ။
Tags: cookingfried rice

Comments

0 comments