Advertisement

အားလုံးနီးပါး ကြိုက်ကြတဲ့ ကြက်သားတန်ပူရာကြော်ပါ။ ကြော်နည်းကလည်း မခက်တာမို့ ခုပဲ ကြော်စားလိုက်တော့နော်။

ချစ်တို့ရေ နေ့လည်နေ့ခင်း အပျင်းပြေအောင် စားချင်လို့ပဲဖြစ်ဖြစ် ထမင်းနဲ့ပဲဖြစ်ဖြစ် တွဲစားလို့ရမယ့် မီနူးလေး ရှိပါတယ်။ အားလုံးနီးပါး ကြိုက်ကြတဲ့ ကြက်သားတန်ပူရာကြော်ပါ။ ကြော်နည်းကလည်း မခက်တာမို့ ခုပဲ ကြော်စားလိုက်တော့နော်။

ပါဝင်ပစ္စည်းများ

  • ကြက်သား- (၃၀) သား
  • အကြော်မှုန့်- လက်ဖက်စားဇွန်း(၄) ဇွန်း
  • ကြက်ဥ-(၁) လုံး
  • ပေါင်မုန့်ခြောက်- အနည်းငယ်
  • ဆား- အနည်းငယ်
  • ဆီနဲ့ ဟင်းခတ်မှုန့်- အနည်းငယ်

 

 

တန်ပူရာကြော်နည်း

  1. ပထမဆုံး ကြက်သားကို ကိုယ်လိုချင်တဲ့ အနေအထားအတိုင်း တုံးထားပါ။
  2. အချောင်း ဒါမှမဟုတ် အတုံး နှစ်သက်သလို တုံးပါ။
  3. ဆေးကြော သန့်စင်ထားပါ။
  4. ငရုတ်ကောင်းမှုန့် ဆားနဲ့ ဟင်းခတ်မှုန့်တို့နဲ့ ရောနှပ်ထားပါ။
  5. ကြက်ဥ တစ်လုံးကို ခေါက်ထားပါ။
  6. ကြက်ဥထဲကို အကြော်မှုန့် ထည့်ပါ။
  7. အတူတူ ရောစပ်မွှေထားပါ။ အနှစ်ရလာရင် ဆားခပ်ပါးပါးလေး ထည့်နိုင်ပါတယ်။
  8. ဆီကို ပူလာအောင် အပူပေးထားပါ။
  9. ဆီများများ သုံးဖို့ လိုပါတယ်။
  10. နှပ်ထားတဲ့ ကြက်သားကို မုန့်နှစ်ထဲ ထည့်ပါ။
  11. ပြီးရင် ပေါင်မုန့်ခြောက်မှုန့် ကပ်လိုက်ပါ။
  12. ပြီးရင် ဆီပူပူထဲ ထည့်ကြော်ပါ။
  13. အရောင်နည်းနည်း ညိုလာပြီဆိုရင် ဆယ်လို့ ရပါပြီ။
  14. ကြွပ်ကြွပ်ရွရွ တန်ပူရာကြော်ကို ကိုယ်နှစ်သက်တဲ့ အချဉ်နဲ့ တွဲဖက် စားသုံးလို့ ရပါပြီ။

Comments

0 comments