Advertisement

ပါဝင်ပစ္စည်းများ

-ငါးဖယ်

-အုန်းနို့

-ပျဉ်းတော်သိမ်းအရွက်

-စပါးလင်နဲ့ ဇီယာ

-ငရုတ်သီး

-ကြက်သွန်ဖြူ/နီ

-ဂျင်း

-အရောင်တင်မှုန့်

-မျှင်ငါးပိ

-ငရုတ်သီးအစိမ်းမှုန့်

-နနွင်းမှုန့်

-အရသာမှုန်

ပြုလုပ်နည်း

-ငါးဖယ်ခြစ်ထဲကို ဆား နနွင်း အရသာမှုန့်ထည့်ပြီးနှံ့စပ်အောင်နယ်ပေးပါ။ကြက်သွန် ဖြူ နီ ဂျင်းတို့ကိုညက်အောင်ငရုတ်သီးအစိမ်းမှုန့်နဲ့ရောထောင်းထားပေးပါ။

-ဆီပူအောင်တည်ပြီး ဆီပူလာတာနဲ့ ထောင်းထားတဲ့ငရုတ်သီးကိုဆီသတ်ပါ။စပါးလင်နဲ့ ဇီယာကိုညက်အောင်ထောင်းပြီးထည့်ပေးပါ။မျှင်ငါးပိထပ်ထည့်ပါ၊အရသာကိုလိုသလောက်ထည့်၍မွှေးလာသည်အထိမွှေပေးပါ။ကြက်သွန်တွေကျက်ပြီဆိုရင်တော့ အုန်းနို့အရည်ထည့်ပြီးမွှေပေးပါ။

-ပြီးလျှင် ငါးဖယ်များကို လုံး၍အိုးထဲသို့ထည့်ပြီးမွှေပေးပါ။ရေအနည်းငယ်ထပ်ဖြည့်ပြီးလျှင် ငါးဖယ်နှင့်အုန်းနို့ဆီပြန်လာသည်အထိမွှေပေးပါ။ဟင်းအိုးကျက်ခါနီးချိန်ရောက်မှ ပျဉ်းတော်သိမ်းအရွက်အုပ်ပေးပါ။ဒါဆိုရင်တော့အရသာရှိပြီး အရမ်းစားလို့ကောင်းတဲ့ ငါးဖယ်အုန်းနို့ဟင်းလေးရပါပြီနော်။

Comments

0 comments