Advertisement

အရသာ မြည်းပြီး ကိုယ့်စိတ်ကြိုက် အကျက်အနေအထားရရင် မီးပိတ်လို့ ရပါပြီ။ ချစ်တို့ စားကောင်းပြီး ရှူးရှူးအရသာ စပ်စပ်လေး ဖြစ်စေမယ့်  Sausage အစပ်ကြော်လေး ရပါပြီ။

ချစ်တို့ရေ Sausage ကို ဒီအတိုင်းကြီး စားရတာ ပျင်းနေပြီလား။ ရိုးရိုးကြီး မစားဘဲ ရှူးရှူးရှဲရှဲ စပ်စပ်လေး ပြောင်းစားကြည့်ရအောင်။ Sausage ကိုစပ်စပ်လေး စားဖို့ အိမ်မှာ ကိုယ်တိုင် ကြော်စားလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • Sausage တထုပ် (ကိုယ်ကြိုက်နှစ်သက်သလို)
  • ခရုဆီ- လက်ဖက်စားဇွန်း (၂) ဇွန်း
  • ငရုတ်သီး- အကြမ်းမှုန့်လက်ဖက်စားဇွန်း (၁) ဇွန်း
  • ဆား-အနည်းငယ်
  • ကြက်သွန်ဖြူ- (၂) မွှာ
  • ဆီ- အနည်းငယ်

Sausage အစပ်ကြော်နည်း

Sausage အစပ်ကြော်နည်း

Sausage အစပ်ကြော်နည်း

(၁) ပထမဆုံး ဆီပူအောင် လုပ်ထားပြီး ကြက်သွန်ဖြူကို တပြားရိုက်ထားလိုက်ပါ။ ပြီးရင် Sausage ကို ကိုယ်ကြိုက်တဲ့ အရွယ်အစားဖြစ်အောင် လှီးထားပါ။

(၂) ကြက်သွန်ဖြူ အရောင်ပြောင်းသွားပြီဆိုရင် ငရုတ်သီးခွဲခြမ်းကို ထည့်ပြီး ဆီသတ်ထားပါ။

(၃) ဆီသတ်ပြီးရင် Sausage ကို ထည့်ပါ။ ပြီးရင် ခရုဆီ ထည့်ပြီး မွှေပါ။

(၄) ဆားထည့်ပါ။ အရသာ မြည်းပြီး ကိုယ့်စိတ်ကြိုက် အကျက်အနေအထားရရင် မီးပိတ်လို့ ရပါပြီ။

ချစ်တို့ စားကောင်းပြီး ရှူးရှူးအရသာ စပ်စပ်လေး ဖြစ်စေမယ့်  Sausage အစပ်ကြော်လေး ရပါပြီ။

Comments

0 comments