ချစ်တို့ရေ နေ့လည်နေ့ခင်း အပျင်းပြေ အဆာပြေ သရေစာလေး တစ်မျိုးလောက် မစားချင်ကြဘူးလား။
ပါဝင်ပစ္စည်းများ
- ငါးကြင်း- (၂၀) သား (အရိုးဖယ်ပြီးသား)
- အကြော်မှုန့်- လက်ဖက်စားဇွန်း (၄) ဇွန်း
- ကြက်ဥ- (၁) လုံး
- ပေါင်မုန့်ခြောက်- တစ်ပန်းကန်
- ဆား ဟင်းခတ်မှုန့်- အနည်းငယ်

ငါးအသားချောင်းကြော် /news.sky.com/
ငါးအသားချောင်းကြော် ကြော်နည်း

ငါးအသားချောင်းကြော် news.sky.com/
- ပထမဥ◌ီးဆုံး ငါးကို အရိုးထုတ်ပြီး အချောင်းလေးတွေ ဖြစ်အောင် လှီးထားပါ။ ပြီးရင် ဆားနဲ့ ဟင်းခတ်မှုန့် ထည့်ပြီး အရသာဝင်အောင် နယ်ထားပါ။
- ကြက်ဥတစ်လုံးကို ခေါက်ထားပါ။
- အကြော်မှုန့်ကို ခပ်ပျစ်ပျစ်ဖြစ်အောင် ရေနည်းနည်းထည့်ပြီး ဆား ဟင်းခတ်မှုန့် ထည့်ပါ။ သမအောင် မွှေပါ။
- အရသာ နယ်ထားတဲ့ ငါးအချောင်းကို အကြော်မှုန့်ထဲ ထည့်ပါ။
- ပြီးရင် ကြက်ဥထဲကို တစ်ခါထပ်နှစ်ပါ။
- နောက်ဆုံးကျမှ ပေါင်မုန့်ခြောက်မှုန့်ကို လူးပါ။
- အိုးထဲမှာ ဆီထည့်ပြီး ပူအောင်ထားပါ။
- ပြီးရင် ငါးအသားချောင်းကို ထည့်ကြော်ပါ။
- အရောင် ရွှေညိုရောင် သန်းလာပြီရင် ဆယ်လို့ ရပါပြီ။
ချစ်တို့ရေ နေ့လည်နေ့ခင်း အပျင်းပြေ ကြော်စားလို့ရမယ့် ငါးအသားချောင်းကြော်လေး ခုပဲ ကြော်စားလိုက်တော့နော်။
Comments