Advertisement

ချစ်လေးတို့ရေ မိုးတွင်းမှာ အသီးအနှံ၊ အသီးအရွက်တွေက ပိုပေါပြီး လတ်လတ်ဆတ်ဆတ်လည်း ရှိတယ်နော်။ မိုးတွင်းမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပိုဂရုစိုက်ဖို့ လိုတာမလို့ အစားအစာတွေလည်း ဂရုစိုက်ဖို့ လိုတယ်လေ။ မိုးတွင်းမှာ စားပေးသင့်တဲ့ အစားအစာတွေ စားမှသာ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကောင်းလာပြီး ကျန်းမာရေး ကောင်းမှာနော်။

ပူပူနွေးနွေး အစားအစာတွေ

ချစ်လေးတို့ရေ မိုးတွင်းမှာ အေးတဲ့ အစားအစာတွေအစား ပူပူနွေးနွေးရှိမယ့် အစားအစာတွေ စားပေးပါနော်။ ဘယ်လိုအစားအစာတွေလဲဆိုတော့ ကြက်သွန်ဖြူပါဝင်တဲ့  စွပ်ပြုတ်၊ အသားပါတဲ့ စွပ်ပြုတ်တွေပေါ့။ ဒါတွေက ဟင်းချိုအဖြစ်လည်း သောက်လို့ ရတယ်နော်။ ကိုယ်ခံအားကို မြင့်တက်စေပြီး ပရိုတင်းဓါတ်လည်း ရစေနိုင်ပါသေးတယ်။

HERBAL TEAS

ချစ်လေးတို့ရေ မိုးတွင်းမှာ သောက်ပေးသင့်တဲ့ နောက်ထပ်သောက်စရာတစ်မျိုးကတော့ Herbal Teas တွေပါ။ ခုနောက်ပိုင်းမှာ အဲဒီလို ဆေးဖက်ဝင်တဲ့ Teas အထုပ်လေးတွေလည်း အများကြီး ရှိလာပါပြီ။ Green tea တွေသောက်တာမျိုးလည်း လုပ်လို့ ရတယ်နော်။ ကိုယ်ခံအားစနစ်ကို အကောင်းဆုံး ဖြစ်စေမှာမို့ စားပေးသင့်တယ်နော်။

အဝါရောင် အသီးအုပ်စုတွေ

မိုးတွင်းဆိုရင် ရွှေဖရုံသီး၊ ကန်စွန်းဥလိုမျိုး အဝါရောင်ရွှေရောင်ရှိတဲ့ အသီးတွေလည်း ပေါတာမို့ စားပေးဖို့ လိုတယ်နော်။ ဒီအစားအစာတွေက Antioxidants တွေ ပါဝင်သလို ဗီတာမင်စီလည်း ပါဝင်တာမို့ ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းစေတာမို့ အလွယ်တကူ ဖျားနာတာတွေ မဖြစ်စေနိုင်ဘူးနော်။

ရေဓါတ်

ချစ်လေးတို့ရေ မိုးတွင်းမလို့ဆိုပြီး ရေမသောက်ဘဲ မနေလိုက်နဲ့နော်။ မိုးအေးလည်း ရေသောက်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်က ရေဓါတ်များများ ရမှ ကျန်းမာရေး ကောင်းမှာပါ။ ရေဓါတ်က အရေးအကြီးဆုံးပဲလေ။

ရာသီစာ အသီးအနှံတွေ

ချစ်လေးတို့ရေ မိုးတွင်းဘက် စားပေးရမယ့် အစားအစာတွေထဲမှာ ရာသီစာ အသီးအနှံတွေလည်း ပါဝင်တယ်နော်။ သရက်သီး၊ ကြက်မောက်သီး၊ မင်းကွတ်သီး စတဲ့ မိုးရာသီမှာ ပေါတဲ့အသီးတွေကို စားပေးပါ။ တန်ဆေးလွန်ဘေးကိုတော့ သတိရပါနော်။

ချစ်လေးတို့ မိုးတွင်းမှာ အစာလည်းဆေး ဆေးလည်းအစာ ဖြစ်စေဖို့အတွက် စားပေးသင့်တဲ့ အစားအစာတွေကို ပုံမှန်လေး စားပေးနော်။ 

Tags: foodmonsoon

Comments

0 comments