Advertisement

မြိတ်ကပ်ကြေးကိုက်ကြော်ရန် လိုအပ်သည်များ

ညှပ်ခေါက်ဆွဲ ၅၀သား

ပဲပင်ပေါက် ၂၀၀ ဖိုး

ပဲပြုတ်တဆယ်သား ၄၀၀

ကြက်သွန်မိတ်

ပုစွန်

ကင်းမွန်

ကြက်သွန်ဖြူ

ငရုပ်သီးခြောက်အတောင့်ရှည်

ပဲငံပြာရည်အကြည် အနောက်

ခရုဆီ

ပုဇွန်ကိုရေဆေးပြီးအခွံနွှာ ထားပါ။ကင်းမွန်ကိုရေဆေးသန့်စင်ကာရှာလကာရည်နဲနဲနှင့်ပြန်ဆေးပြီးရေစစ်ကာနှစ်ပိုင်းလှီးထားပါ။ကြက်သွန်ဖြူအမွှာကြီး ၆ မွှာကိုလှီးထားပါ။ကြက်သွန်မိတ်ကိုလက်နှစ်ဆစ်လောက်စီလှီးထားပါ။ပဲပင်ပေါက်ကိုရေဆေးပြီးစစ်ထားပါ။ငရုတ်သီးခြောက်အတောင့် ရှည်ကိုရေစိမ်ပြီးညှစ်ကာကြိတ်ထားပါ ဒယ်အိုးတခုမှာဆီသင့်ရုံထည့်ပြီးဆီပူရင်ကြက်၂ လုံးဖေါက် ထည့်ပြီးမွှေကြော် ကြော်ပြီး ဖယ်ထားပါ ဒယ်အိုးမှာပဲဆီသင့်ရုံထည့်ပြီးကြက်သွန်ဖြူစင်းလှီးထားတာကိုဆီသတ်ပါ။အနံ့မွှေးလာရင် ပုဇွန်နှင့်ကင်းမွန်ကိုထည့်ပါ။ဆန်အရက်နဲနဲထည့်ပါ။အနံ့မွှေး လာအောင်ကြော်ပြီးဆယ်ယူထားပါ။ဒယ်အိုးမှာပဲဆီနဲနဲပိုထည့်ပြီးငရုတ်သီးခြောက်ကြိတ်ထားတာကိုဆီသတ်ပါ။အနံ့မွှေးရင် ညှပ်ခေါက်ဆွဲထည့်ပါ။မွှေပေးပါ ကြက်ဥကြော်ထားတာထည့်ပါ။ပုဇွန်နှင့်ကင်းမွန်ကြော်ထားတာထည့်ပါ။ ခရုဆီကိုဟင်းခတ်ဇွန်း၁ ဇွန်းထည့်ပါ။ပဲငံပြာရည်အကြည် ၃ ဇွန်းထည့်ပါ။ပဲငံပြာရည်အနောက်နဲနဲ ထည့်ပါ။ဆားအချိုမှုန့်နဲနဲထည့်ပါ။မွှေပေးပါ။ပဲပင်ပေါက်ထည့်ပါ ပဲပြုတ်ထည့်ပါ မွှေပေးပါ အရသာမြည်းကြည့်ပါ လိုတာကိုထပ်ထည့်ပါ။အနေတော်ဆိုရင်ကြက်သွန်မိတ်လှီးထားတာကိုထည့်ပြီး မွှေပေးပါ မြိတ်ကပ်ကြေးကိုက်ကြော်ရပါပြီ။အချဥ်ကပဲတီချဥ်ပါ ဆန်ဆေးရည်ဒုတိယအရည်ကိုအိုဗာတင်းပုလင်းတဝက်ကျော်ကျော်ထည့်ပြီးအဖုံးဖုံးပြီးတညသိပ်ထားပါ။နောက်တနေ့မနက်မှာဆားကိုဟင်းခတ်ဇွန်း ၁ ဇွန်းထည့်ပြီးမွှေပေးပါ ပဲပင်ပေါက် ၂၀၀ ဖိုးဝယ်ပြီး ရေဆေးသန့်စင်ပြီးရေစစ်ပါ။ပဲပင်ပေါက်ကိုပုလင်းထဲသိပ်ပြီး အဖုံး ဖုံးပြီး ၂ ညသိပ် လောက်ထားလိုက်ရင်ပဲတီချဥ်လဲရပါပြီ။

Comments

0 comments