ကျန်းမာရေးကောင်းခြင်းက ယနေ့ခေတ်မှာ အလွန်အရေးကြီးလာတာကြောင့် အစားအသောက်ကို ဖြစ်သလိုမစားကြတော့ဘဲ ကျန်းမာရေးနဲ့ယှဥ်ပြီး တွဲစားလာကြတယ်။ တချို့အစားအသောက်တွေက ကျန်းမာရေးနဲ့မညီပေမယ့်လည်း အရသာရှိတဲ့အတွက် မဖြတ်နိုင်ဘဲဖြစ်နေတတ်တယ်။ ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်ပြောင်းလဲချင်သူများအတွက် အထောက်အကူပြုမယ့် နည်းလမ်းတွေရှိပါတယ်။

Photo by Food Network
ပန်းပွင့် ဒါမှမဟုတ် ပန်းဂေါ်ဖီ
ပန်းဂေါ်ဖီပွင့်ကို အားလူးနေရာမှာ အစားထိုးကြမယ်။ အာလူးထောင်းကြိုက်တယ်ဆိုရင် ပန်းဂေါ်ဖီပွင့်ကိုပြုတ်ပြီး ကျေညက်အောင်ထောင်းပါ ဒါဆို အားလူးထောင်းလိုပဲ ကျန်းမာရေးကောင်းပြီး အရသာရှိတဲ့ ဟင်းတစ်ခွက်ရပါပြီ။

Photo by BBC Good Food
Green Tea
ကော်ဖီကြိုက်တဲ့သူတစ်ယောက်ဆိုရင် green tea အစားထိုး သောက်ဖို့ တိုက်တွန်းပါတယ်။ Green Tea မှာ matcha (L-theanine)နဲ့ amino acid ပါဝင်လို့ ကျန်းမာရေးအတွက် ကောင်းတယ်။

Photo by Kitchen Treaty
ပဲကြော်
အာလူးကြော် နေရာမှာ ပဲကြော် အစားထိုးခြင်းက ကျန်းမာရေးနဲ့အညီ စားသောက်ချင်သူတွေအတွက် အကောင်းဆုံး သရေစာပါ။ အမျှင်ဓါတ်၊ မဂ္ဂနီဆီယမ်နဲ့ သတ္ထုဓါတ်တွေ ပါဝင်ပါတယ်။ သွေးတွင်းသကြားဓါတ်ကို ထိန်းပေးပြီး အာရုံကြောအတွက် ကောင်းပါတယ်။

Photo by fewabazar
တိုဟူး
အသားကြိုက်တဲ့သူတွေအတွက် တိုဟူးကို အစားထိုးနိုင်ပါတယ်။ တိုဟူးကို ပဲနို့ကနေ လုပ်ထားတဲ့အတွက် အမိုင်နိုအက်ဆစ်တွေပါနေပါတယ်။ ကျန်းမာရေးအတွက် အလွန်ကောင်းပါတယ်။

Photo by Healthline
ထောပတ်သီး
မရွန်းနစ်နေရာကို ကျန်းမာရေးနဲ့ညီတဲ့ ထောပတ်သီး အစားထိုးနိုင်ပါတယ်။ ထောပတ်သီးမှာ ဗီတာမင်နဲ့ သတ္ထုဓါတ် အမျိုး ၂၀ ကျော်ပါပါတယ်။
Comments