Advertisement

ချစ်တို့ရေ ခုဆို သရက်သီးတွေ ပေါတဲ့ရာသီရောက်လာပြီမလို့ ရာသီစာ သရက်သီးထောင်းလေး ရှူးရှူးရှဲရှဲဖြစ်အောင် ထောင်းစားကြည့်ဦးနော်။

ချစ်တို့ရေ ခုဆို သရက်သီးတွေလည်း ပေါလာပြီဆိုတော့ ထောင်းစားဖို့အတွက် ရှယ်ပဲနော်။ ရှူးရှူးရှဲရှဲ သရက်သီးထောင်းစားဖို့အတွက် ဘာလေးတွေလိုအပ်ပြီး ဘယ်လိုထောင်းရမလဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး-အလုံးလတ်(၂) လုံး
  • ငပိထောင်း- ဗူးသေး(၁) ဗူး
  • ပုဇွန်ခြောက်- အကောင်သေး အနည်းငယ်
  • ဆား-အနည်းငယ်
  • ငရုတ်သီးမှုန့်- အနည်းငယ်

သရက်သီးထောင်းနည်း

  1. ပထမဆုံး သရက်သီးကို ထက်ခြမ်းခွဲပြီး ခြစ်ထားလိုက်ပါ။
  2. ရေစင်အောင်ဆေးပါ။
  3. ငရုတ်ဆုံထဲ သရက်သီး၊ ငပိထောင်း၊ ပုဇွန်ခြောက်းတို့ကို ရောပြီးထောင်းပါ။
  4. အရသာမြည်းပြီး ဆားလေး နည်းနည်း လိုသလောက် ထပ်ထည့်ပါ။
  5. အစပ်ကြိုက်တယ်ဆိုရင် ကိုယ့်စိတ်ကြိုက် ငရုတ်သီးမှုန့် ထပ်ထည့်ပါ။
  6. သရက်သီးအဖတ်လေးတွေ ကျေလာပြီဆိုရင် ထောင်းတာ ရပ်လို့ ရပါပြီ။

ချစ်တို့ရေ ခုဆို သရက်သီးတွေ ပေါတဲ့ရာသီရောက်လာပြီမလို့ ရာသီစာ သရက်သီးထောင်းလေး ရှူးရှူးရှဲရှဲဖြစ်အောင် ထောင်းစားကြည့်ဦးနော်။

Comments

0 comments