Advertisement

ဆောင်းတွင်းအေးတဲ့အချိန်ဆိုတော့ တကယ့်ကို လိုက်ဖက်တဲ့ အစားအစာလေးလည်း ဖြစ်နေမှာ။ မရမ်းသီး ခုပဲ ထောင်းလိုက်ရအောင်။

ချစ်တို့ရေ ခုက မရမ်းသီးပေါ်ချိန်ဆိုတော့ ရာသီစာ မရမ်းသီးလေးကို ချဉ်ချဉ်စပ်စပ်လေး ထောင်းစားရအောင်လေ။ ဆောင်းတွင်းအေးတဲ့အချိန်ဆိုတော့ တကယ့်ကို လိုက်ဖက်တဲ့ အစားအစာလေးလည်း ဖြစ်နေမှာ။ မရမ်းသီး ခုပဲ ထောင်းလိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မရမ်းသီး-(၅) ကျပ်သား
  • ငပိထောင်း- ဗူးသေး(၁) ဗူး
  • ပုဇွန်ခြောက်- အကောင်သေး အနည်းငယ်
  • ဆား-အနည်းငယ်
  • ငရုတ်သီးစိမ်း-(၇)တောင့်

မရမ်းသီးထောင်း ထောင်းနည်း

မရမ်းသီးထောင်း ထောင်းနည်း

မရမ်းသီးထောင်း ထောင်းနည်း

  1. ပထမဆုံး မရမ်းသီးကို ထက်ခြမ်းခွဲပြီး အလယ်ကအစေ့ကို ထုတ်ထားလိုက်ပါ။
  2. ရေစင်အောင်ဆေးပါ။
  3. ငရုတ်သီးစိမ်းကို လှော်တာ ဒါမှမဟုတ် ပြုတ်တာ တခုခု လုပ်ပါ။
  4. ငရုတ်ဆုံထဲ မရမ်းသီး၊ ငပိထောင်း၊ ပုဇွန်ခြောက်၊ ငရုတ်သီးတို့ကို ရောပြီးထောင်းပါ။
  5. အရသာမြည်းပြီး ဆားလေး နည်းနည်း လိုသလောက် ထပ်ထည့်ပါ။
  6. အစပ်ကြိုက်တယ်ဆိုရင် ကိုယ့်စိတ်ကြိုက် ငရုတ်သီးစိမ်း ထပ်ထည့်ပါ။
  7. မရမ်းသီးအဖတ်လေးတွေ ကျေလာပြီဆိုရင် ထောင်းတာ ရပ်လို့ ရပါပြီ။

Comments

0 comments