Advertisement

ဒီတစ်ပတ်ရဲ့ Cooking Program မှာတော့ ရှုးရှဲနဲ့စားလို့လဲကောင်းပြီး လုပ်ရတာလဲလွယ်ကူတဲ့မာမားတုန်ယမ်းခေါက်ဆွဲထောင်းပြုလုပ်နည်းလေးကိုဝေမျှပေးသွားပါမယ်နော်။

ပါဝင်ပစ္စည်းများ

-မိမိကြိုက်နှစ်သက်သည့် Ready made တုန်ယမ်းခေါက်ဆွဲကို အသုံးပြုလို့ရပါတယ်။

-ဂေါ်ဖီ

-ရှမ်းနံနံ

-ငရုတ်သီးစိမ်း

-သံပုရာသီး

-ခရမ်းချဉ်သီး

-ကြက်သွန်နီ

-ပုစွန်

-ကြက်ဥချောင်း

-ငါးအသားလုံး

ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးထဲသို့ ခေါက်ဆွဲထည့်ပြုတ်ပါ။ပြီးလျှင် ဂေါ်ဖီ ကြက်ဥချောင်း ပုစွန် ငါးအသားလုံး ရှမ်းနံနံတို့ပါရောပြုတ်ပေးပါ။ ပြီးလျှင်ဆည်ပါ။Ready Made ခေါက်ဆွဲထဲမှာပါလာတဲ့အရသာမှုန့်ကို ခုနကဆယ်ထားတဲ့ခေါက်ဆွဲနဲ့အစာပလာတွေထဲဖောက်ထည့်ပေးပါ။ကြက်သွန်နီနဲ့ ငရုတ်သီးစိမ်းကိုပါးပါးလှီးပြီးထည့်ပေးပါ။ပြီးမှသံပုရာရည်ညှစ်ထည့်ပြီး စုံထဲတွင်သမအောင်ရောမွှေပေးပါဒါဆို။အရသာရှိပြီး စားလို့ကောင်းတဲ့ မာမားတုန်ယမ်းခေါက်ဆွဲထောင်းလေးရပါပီနော်။

Comments

0 comments