Advertisement

ကျက်ပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ ခရမ်းချဥ◌်သီး ဆော့ ဒါမှမဟုတ် မရောနိစ်နဲ့ တို့ပြီးစားလို့ ရပြီပေါ့။

ဒီတစ်ခါမှာတော့ အသားတွေ မဟုတ်ဘဲ အဆာပြေ အချဥ◌်တို့ မရောနိစ်တို့နဲ့ တို့စားလို့ ရမယ့် ကြွပ်ကြွပ်ရွရွ အကြော် တစ်မျိုးလောက် ကြော်ကြည့်ရအောင်။ ဆိုင်တွေမှာ မစားချင်ဘူးဆိုရင် ကိုယ့်အိမ်မှာပဲ အပျင်းပြေ ကြော်စားလို့ ရတာပေါ့။ အရသာ အရမ်းကောင်းတဲ့ ကြက်သွန်ကွင်းကြော် စားရအောင်။

ပါဝင်ပစ္စည်းများ

  • ကြက်သွန်နီ- အလုံးကြီး(၂) လုံး
  • အကြော်မှုန့် – လက်ဖက်စားဇွန်း(၁) ဇွန်း
  • ပေါင်မုန့်ခြောက်မှုန့်- အနည်းငယ်
  • ဆား- အနည်းငယ်
  • ကြက်ဥ- (၁) လုံး

ကြက်သွန်ကွင်းကြော်နည်း

ချစ်တို့ ပထမဆုံး ကြက်သွန်ကို အခွံနွှာ အလုံးလိုက် ရေဆေးပြီး အကွင်းလိုက် လှီးပါ။ ပြီးရင် တစ်လွှာချင်းဆီ ပြန်ခွာထားပါ။ မထူမပါး အနေတော်ဆိုဒ်လောက် လှီးထားပါ။

ပြီးရင်တော့ အကြော်မှုန့်၊ ဆား၊ ကြက်ဥတို့ကို ရောစပ်ပြီး မုန့်နှစ်လုပ်ပါ။ ရေနည်းနည်းလေးပဲ ထည့်ပါ။ ပျစ်ပျစ်လေး ဖြစ်နေပါစေနော်။ ပေါင်မုန့်ခြောက်ကိုတော့ ပန်းကန်ထဲ ထည့်ပြီး ပြင်ဆင်ထားပါ။ ကြက်သွန်အကွင်းတွေကို မုန့်နှစ်ထဲ ထည့်ပြီး ပေါင်မုန့်ခြောက် ကပ်ပေးပါ။ နောက်တော့ ဆီပူပူထဲ ထည့်ကြော်ပါ။ အရောင်လေး အညိုဘက်ရောက်လာပြီဆိုရင် ဆယ်လို့ ရပါပြီ။ မတူးသွားဖို့ သတိပြုရမယ်နော်။

 

Tags: cookingonion rings

Comments

0 comments