Advertisement

ခံတွင်းတွေ့စေတဲ့ ဝက်သားသုံးထပ်သားကြော်လေး ‌ကြော်စားကြည့်ရအောင်။ ထမင်းနဲ့ တွဲဖက်စားလည်း အဆင်ပြေပြီး လုပ်ရလည်း လွယ်ကူတော့ ခုပဲ ကြော်လိုက်ရအောင်။

ချစ်တို့ရေ ကြွပ်ကြွပ်ရွရွ အဆာပြေ စားမလား အချဉ်လေးနဲ့ တွဲဖက်စားမလား။ ခံတွင်းတွေ့စေတဲ့ ဝက်သားသုံးထပ်သားကြော်လေး ‌ကြော်စားကြည့်ရအောင်။ ထမင်းနဲ့ တွဲဖက်စားလည်း အဆင်ပြေပြီး လုပ်ရလည်း လွယ်ကူတော့ ခုပဲ ကြော်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • ဝက်သား-(၅၀) သား
  • သကြား-လက်ဖက်စားဇွန်း (၃) ဇွန်း
  • ဆား- အနည်းငယ်
  • အရသာမှုန့်- အနည်းငယ်
  • ဆီ- ဟင်းချက်ဇွန်း(၄) ဇွန်း

ဝက်သားသုံးထပ်သားကြော်နည်း

ဝက်သားသုံးထပ်သား‌ကြော်

ဝက်သားသုံးထပ်သား‌ကြော်

  1. ပထမဆုံး ဝက်သားကို ရေစင်အောင် ဆေးကြောပါ။
  2. ဝက်အခေါက်ကို ခရင်းလေးနဲ့ အပေါက်ပေါက်လေး ဖြစ်အောင် ထိုးပါ။
  3. ပြီးမှ ဆား သကြားနဲ့ အရသာမှုန့် ထည့်နယ်ပါ။
  4. နာရီဝက် နှပ်ထားပါ။
  5. ပြီးရင်တော့ ရေနည်းနည်းလေး ထည့်ပြီး ပြုတ်ထားပါ။
  6. ဝက်သားတွေ တင်းပြီး နည်းနည်းနူးလာပြီဆိုရင် ဆယ်ထားပြီး အအေးခံထားပါ။
  7. ပြီးမှ ကိုယ်လိုချင်သလောက် အတုံးလေးတွေ တုံးပါ။
  8. ဆီပူအောင် ထားပြီး ကြွပ်နေအောင် ကြော်ပါ။
  9. အရောင်ရဲလာပြီဆိုမှ မီးပိတ်ပါ။
  10. အားလုံး ပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အချဉ်နဲ့ တွဲဖက်စားလို့ ရပါပြီ။
Tags: cookingpork fired

Comments

0 comments