Advertisement
အိအိကြွပ်ကြွပ်လေးနဲ့ အရမ်းစားကောင်းတဲ့ဝက်သုံးထပ်သားအချိုနှပ်

ပါဝင်ပစ္စည်းများ

ဂျင်း

ကြက်သွန်ဖြူ

သကြားဖြူ

ဆန်ဆေးရည်

ဝက်သုံးထပ်သား

ဆား

ငရုတ်ကောင်း

ဆီ

ပဲငံပြာရည်

သကြားညို

သံပုရာသီး

ငရုတ်သီး

ပျားရည်

ပြုလုပ်နည်း -ရေနွေးပွက်ပွက်ဆူအောင်တည်ထားပြီး ဂျင်း၊ကြက်သွန်ဖြူ၊သကြား၊ဆန်ဆေးရည်အနည်းငယ်ထည့်ပေးပါ။ရေဆူပြီဆိုတာနဲ့ ဝက်သုံးထပ်သားကို အတုံးကြီးကြီးတုံးပြီးထည့်ပြုတ်ပေးပါ။ဝက်သားနူးပြီဆိုတာနဲ့ ပြန်ဆယ်ထားပေးပါ။ -ဆီပူထဲကို ပြုတ်ထားတဲ့ဝက်သားတွေကိုပါးပါးလှီးပြီး ဆား၊ငရုတ်ကောင်းအရသာထည့်ပြီး ကြော်ပေးပါ။

-အနှစ်ပြုလုပ်ရန်အတွက် ခွက်တလုံးထဲသို့ ဆီအနည်းငယ်ထည့်ပါ။ပဲငံပြာရည်၊ပျားရည်၊သံပုရာရည်၊ငရုတ်သီးနုတ်နုတ်ဆင်းထားတာထည့်ပြီးမွှေပေးပါ။ရလာတဲ့အနှစ်ကို ဝက်သားကြော်ထားတဲ့ထဲထည့်ပြီး မွှေပေးပါ။ဒါဆိုရင်တော့ အိအိကြွပ်ကြွပ်လေးနဲ့ အရမ်းစားကောင်းတဲ့ဝက်သုံးထပ်သားအချိုနှပ်လေးကိုသုံးဆောင်လို့ရပါပြီ။

Comments

0 comments