Advertisement

အရောင်အဆင်း၊ အရသာနဲ့ ပြည့်စုံတဲ့ ဝက်ကလီစာဟင်းကောင်းအတွက် ချက်နည်းလေးကို တပုံချင်းစီမှာ မျှဝေပေးထားပါတယ်နော်

ဝက်ကလီစာဟင်းလေးက ချက်တတ်ရင် အရမ်းအရသာရှိပြီး ထမင်းစားမြိန်တဲ့ ဟင်းကောင်းလေးတခွက်ပါ။ ဒါကြောင့် မညှီပဲ အရသာအရမ်းရှိအောင် ဘယ်လိုချက်ရမလဲဆိုတာ ချက်နည်းလေးအဆင့်ဆင့်ကို မျှဝေပေးလိုက်ပါတယ်နော်။

၁. ဝက်ကလီစာကို ဆားနဲ့ သေချာသန့်စင်အောင် နှယ်ဆေးပြီး ဆား၊ အချိုမှုန့်၊ ကြက်သားမှုန်၊ နနွင်းမှုန်.၊ ပဲငံပြာရည်အကြည်၊ ငါးငံပြာရည်တို့နဲ့ သေချာရောနှယ်ပြီး တနာရီလောက် နှပ်ထားပါ။

၂. ဆီသတ်ဖို့ ဂျင်း၊ ကြက်သွန်ဖြူနီကို ရောထောင်းထားပါ။

၃. ဆီပူလာရင် ထောင်းထားတာတွေနဲ့ ဆီသတ်ပေးပါ။

၄. ဆီသတ်လို့ အနံ့လေးမွေးလာရင် နှပ်ထားတဲ့ ဝက်ကလီစာတွေထည့်ပြီး လုံးပေးပါ။

၅. ဝက်ကလီစာထဲမှာ ရှိနေတဲ့ရေလေးနဲ့ပဲ ဆီပြန်လာအောင် လုံးပါ။

၆. ဆီပြန်လာရင် ရေနွေးကို မြုပ်တဲ့အထိ ထည့်ပြီး ချက်ပေးပါ။

၇. ထည့်ထားတဲ့ ရေတွေ ခန်းပြီး ခုလို ဆီပြန်လာရင် အရသာမြည်းကြည့်ပြီး ချလို့ရပါပြီ။

နောက်ဆုံးမှာ အရမ်းစားလို့ကောင်းတဲ့ ဝက်ကလီစာဟင်းလေး ရပါပြီ

Comments

0 comments