Advertisement

ကိုယ့်စိတ်ကြိုက် အရသာ ပြင်ဆင်ပြီး မီးအပူနည်းနည်းနဲ့ တည်ထားပါ။ ဝက်သားရော မျှစ်ချဥ◌်ပါ နူးပြီး ကိုယ်လိုချင်တဲ့ အနေအထားရပြီဆိုရင် မီးပိတ်လိုက်လို့ ရပြီနော်

ချစ်တို့ရေ ဟင်းရည်တစ်ခွက် ချက်မယ်လို့ တွေးလိုက်ရင်တော့ ထမင်းမြိန်စေမယ့် ဝက်မျှစ်ချဥ◌်ကို သတိရပါနော်။ အရသာရော အနံ့ပါ ပြီးပြည့်စုံပြီး အရမ်းစားကောင်းတဲ့ ဟင်းတခွက်ပါပဲ။ ဝက်မျှစ်ချဥ◌် ခုပဲ ချက်လိုက်ရအောင်။

ပါဝင်ပစ္စည်းများ

  • မျှစ်ချဥ◌်-(၃၀) သား
  • ဝက်သား- (၂၀) သား
  • ကြက်သွန်ဖြူ- (၃) မွှာ
  • ကြက်သွန်နီ-(၁) လုံး
  • ဟင်းချက်မှုန့်-ထမင်းစားဇွန်း(၁) ဇွန်း
  • နနွင်းမှုန့်- အနည်းငယ်
  • ဟင်းချိုမှု့န်နဲ့ ဆား -အနည်းငယ်
  • ဆီ- အနည်းငယ်
ဝက်မျှစ်ချဥ◌်ဟင်း

ဝက်မျှစ်ချဥ◌်ဟင်း https://www.thaitable.com/

ချက်ပြုတ်နည်း

  • ပထမဥ◌ီးဆုံး မျှစ်ချဥ◌်ကို နူးအိနေအောင် အချိန်ကြာကြာ ပြုတ်ထားရပါမယ်
  • ဒုတိယအဆင့်ကတော့ ဝက်သားကို ဆား၊ နနွင်း၊ ဟင်းချိုမှု့န်နဲ့ ဆား တို့ ထည့်ပြီး နှပ်ထားပါ
  • ပြီးရင်တော့ ကြက်သွန်ဖြူ ကြက်သွန်နီကို ထောင်းထားပါ။
  • အိုးထဲကို ဆီထည့်ပြီး ဆီပူလာပြီဆိုရင် ကြက်သွန်ဖြူ ကြက်သွန်နီ ထည့်ပါ။ အရောင်ပြောင်းလာရင် ဟင်းချက်မှုန့် ထည့်ပြီး ဆီသတ်ပါ။
  • ဆီသတ်တဲ့ အနံ့မွှေးလာပြီဆိုမှ ချစ်တို့ ဝက်သားထည့်ပါ။ ရေနည်းနည်းထည့်ပြီး ဝက်သားကို ဆီသတ်ထားလိုက်ပါ။
  • မျှစ်ချဥ◌်တွေ နူးလာပြီဆိုရင်တော့ ဆီသတ်ထားနဲ့ ဝက်သားနဲ့ ရောပြီး တစ်အိုးတည်း တည်လို့ ရပါပြီ။ ရေထည့်ပါ။ ဝက်သားရော မျှစ်ချဥ◌်ရောပြီး အရသာ မြည်းပါ။ ကိုယ့်စိတ်ကြိုက် အရသာ ပြင်ဆင်ပြီး မီးအပူနည်းနည်းနဲ့ တည်ထားပါ။
  • ဝက်သားရော မျှစ်ချဥ◌်ပါ နူးပြီး ကိုယ်လိုချင်တဲ့ အနေအထားရပြီဆိုရင် မီးပိတ်လိုက်လို့ ရပြီနော်။

Comments

0 comments