Advertisement
အရမ်းစားလို့ကောင်းတဲ့ ဂျူးဖူးနဲ့ ပဲပြားခြောက်ကြော်ပူပူလေး

အိမ်ရှင်မတွေအတွက် အရမ်းစားကောင်းပြီး အရသာရှိတဲ့ ဂျူးဖူးနဲ့ ပဲပြားခြောက်ကြော်ပူပူလေး ကြော်နည်းကို မျှဝေပေးချင်ပါတယ်။ လိုက်ကြော်စားကြည့်ပါနော်။

အသားဟင်း ငါးဟင်းတွေကို စားရတာ ငြီးငွေ့လာတဲ့အခါ ဒါမှမဟုတ် သက်သက်လွတ် စားချင်တဲ့အခါ ဒါမှမဟုတ်လဲ ထမင်းစားတိုင်း အရွက်ကြော်တမျိုးမျိုးနဲ့မှ စားချင်တဲ့သူတွေအတွက် အရမ်းစားကောင်းပြီး အရသာရှိတဲ့ ဂျူးဖူးနဲ့ ပဲပြားခြောက်ကြော်ပူပူလေး ကြော်နည်းကို မျှဝေပေးချင်ပါတယ်။

ချက်နည်းအဆင့်ဆင့်အနေနဲ့

၁ . ဂျူးဖူးနုနုလေးတွေကို အနေတော် ဖြတ်ပြီး ရေစင်စင် ဆေးထားပါ။

၂ . ပဲပြားခြောက်ကို အရသာမှုန့် နနွင်း ဆားနဲ့နှယ်ထားပါ။

၃. ပဲပြားခြောက်ကို အပေါ်ယံလေးမာဖို့ ဆီပူထိုးပေးပါ။

၄. မွှေးနေအောင် ကြက်သွန်ဖြု ဆီသပ်ပါ။

၅.  ကြက်သွန်ဖြူကျက်လာရင် ပဲပြားခြောက်လေးထည့်

၆. ဂျူးဖူးထည့်ပါ

၇. အရသာအတွက် ငံပြာရည်နဲနဲထည့် ရေလေးတဇွန်းထည့်ပြီး ဂျူးဖူးနူးလာရင် စားလို့ရပါပြီ။

Tags: cooking

Comments

0 comments