သမီးရှင်ဘက်ကို နားဖောက်ကြမယ်ဆိုရင်

by: Phyo Pyae Thu
 0 comments  2 love

အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ သမီးရှင်ဘက်ကို နားဖောက်ဖို့ လိုလာပါပြီ။ သမီးရှင်ဘက်ကို နားဖောက်တော့မယ်ဆိုရင် သိထားရမယ့်အချက်တွေ ရှိပါတယ်။

ချစ်သူစုံတွဲလေးတို့ရေ ချစ်သူကနေတဆင့်တက်လို့ အိမ်ထောင်ပြုဖို့ စဉ်းစားကြတော့မယ်ဆိုရင် အရင်ဆုံး နှစ်ဖက်မိဘတွေကို ပြောပြရမယ်မလား။ ချစ်သူကောင်မလေးရဲ့ မိဘတွေဘက်ကို အသိပေးဖို့ လိုတယ်လေနော်။ အိမ်ထောင်ပြုတော့မယ်လို့ နှစ်ယောက်စလုံး ဆုံးဖြတ်ပြီးရင်တော့ သမီးရှင်ဘက်ကို နားဖောက်ဖို့ လိုလာပါပြီ။ သမီးရှင်ဘက်ကို နားဖောက်တော့မယ်ဆိုရင် သိထားရမယ့်အချက်တွေ ရှိပါတယ်။

နားဖောက်ကြမယ်ဆိုရင် (photo: ကိုအောင်ဇော်မျိုးနဲ့ မယုယုနန္ဒာအောင်)

နှစ်ဖက်မိဘ ရင်းနှီးစေဖို့

နားဖောက်တော့မယ်ဆိုရင် အရင်ဆုံး နှစ်ဖက်မိဘ ရင်းနှီးဖို့ လုပ်ဆောင်ပါ။ ရင်းနှီးတာတော့ အကောင်းဆုံးပါနော်။ နှစ်ဖက်မိဘတွေ အချင်းချင်း ရင်းနှီးစေဖို့အတွက်တော့ တစ်အိမ်နဲ့ တစ်အိမ် စားချင်တာလေးတွေ ပို့ပေးတာမျိုး လုပ်ဖို့ လိုပါတယ်။ ဥပမာ- ကိုယ့်နယ်က ထွက်တဲ့ မုန့်၊ ပစ္စည်းလေးတွေကို ဟိုဘက်မိဘအိမ်ကို ပေးတာမျိုးလေးတွေပေါ့။ ဒါတွေက တစ်ဖက်နဲ့တစ်ဖက် အဆင်ပြေပြေ ချစ်ကြည်ရေး ဖြစ်စေပြီး ရင်းနှီးစေမယ့် အကြောင်းပါ။

ဘယ်နေ့ လာမြန်းရမလဲ

သမီးရှင်ဘက်ကို နားဖောက်မြန်းဖို့အတွက် ဘယ်နေ့ရက် လာရမလဲဆိုတာ အရင်ဆုံး မေးဖို့ လိုပါတယ်။ ဘယ်နေ့လာမြန်းရမလဲဆိုတာကလည်း ကောင်မလေးကို အရင်ဆုံး မေးဖို့လိုပါတယ်။ သတို့သမီးလေးရဲ့ မိဘတွေ ပြောတဲ့ရက်ကိုသာ ဦးစားပေးပြီး သွားမြန်းပါ။ တချို့က အလုပ်ရှိလို့၊ မအားလို့ဆိုပြီး သားရှင်ဘက်က ရက်ရွေ့တာမျိုးတွေ လုပ်ကြပါတယ်။ တကယ်တော့ သတို့သမီးလေးတို့ဘက်ကို ဦးစားပေးသင့်ပါတယ်နော်။

တောင်းရမ်းပစ္စည်း (photo: ကိုအောင်ဇော်မျိုးနဲ့ မယုယုနန္ဒာအောင်)

တောင်းရမ်းပစ္စည်း

သမီးရှင်ဘက်ကို နားဖောက်ပြီး မြန်းတော့မယ်ဆိုရင် တောင်းရမ်းမယ့်ကိစ္စလည်း လိုလာပါပြီ။ သတို့သားလောင်းက ပြင်ဆင်လာရမယ့် အရာတွေကတော့ ရွှေငှက်ပျောသီး(၃) ဖီးလောက်၊ ဒါမှမဟုတ် ရခိုင်ငှက်ပျောသီး (၃) ဖီးလောက် လိုပါတယ်။ ပြီးတော့ အောင်သပြေပန်းတွေကို ငှက်ပျောပွဲမှာ အလှဆင်ပြီး သယ်လာရမှာပါ။ လက်ဖက်အုပ် သယ်လာတာမျိုးဆိုလည်း ရပါတယ်။ တချို့ဒေသတွေမှာတော့ တောင်းရမ်းငွေသား ထည့်ပါတယ်။ ဒါမှမဟုတ် ပစ္စည်းပေါ့။ ငွေသားနဲ့ တင်တောင်းမယ်ဆိုရင်တော့ တချို့က ဘဏ်စာအုပ်ထဲ ထည့်တာမျိုး ရှိပါတယ်။

နားဖောက်တဲ့အခါ

သမီးရှင်ဘက်ကို နားဖောက်တဲ့အခါ မရှိမဖြစ် လိုအပ်တဲ့သူကတော့ ဦးဆောင်ပြီး စကားပြောပေးမယ့် သူပါ။ နှစ်ဖက်မိဘကြားမှာ သြဇာရှိတဲ့သူ ဖြစ်ဖို့လိုပြီး  စကားပြောတတ်တဲ့သူမျိုး ဖြစ်လေ ပိုကောင်းလေပါနော်။ နှစ်ဖက်မိဘကြားမှာ အဆင်ပြေအောင် ညှိနှိုင်းပေးပြီး အားလုံးအဆင်ပြေအောင် ဆောင်ရွက်ပေးမယ့်သူတစ်ဦး သမီးရှင်ဘက်က ပြင်ဆင်ထားရမှာ ဖြစ်ပါတယ်။

သမီးရှင်ဘက်ကို သွားရောက်နားဖောက်တော့မယ်ဆိုရင် ဒါလေးတွေ သိထားသင့်တယ်နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords