Advertisement

 စေ့စပ်ပွဲမှာ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ပျော်ပျော်ရွှင်ရွှင်လေးတွေ ပြောပေးနိုင်မယ့်သူ ကြိုရှာထားပါနော်။ ဦးဆောင်ပေးမယ့်သူ ကြိုမရှာထားတာမျိုး မလုပ်ပါနဲ့နော်

စုံတွဲလေးတို့ရေ နှစ်ယောက်အတူတူ ရှေ့ဆက်လျှောက်လှမ်းမယ့် ချစ်ခရီးလေးအတွက် နှစ်ဖက်မိဘတွေကို အသိပေးပြီး စေ့စပ်ပွဲလေး ကျင်းပဖို့ စီစဉ်နေပြီလား။ စေ့စပ်ပွဲဆိုတာ နှစ်ဖက်မိဘတွေ ရှေ့မှာ ကျင်းပရတာမို့ သေချာဂရုစိုက်ဖို့ လိုပါတယ်။ ဒါက ပထမဆုံး တွေ့ဆုံခြင်းမလားနော်။ ဒီတော့ စေ့စပ်ပွဲ ကျင်းပနေတဲ့အချိန်မှာ သတိထားရမှာတွေ ရှိပါတယ်။

စေ့စပ်ပွဲ ကျင်းပနေချိန် (photo: www.elitedaily.com/)

တိတ်ဆိတ်နေတာ

စေ့စပ်ပွဲဆိုတာ နှစ်ဖက်မိဘတွေ စုံစုံညီညီ စကားပြောတဲ့ ပွဲလေးဆိုရင်လည်း မမှားပါဘူး။ နှစ်ဖက်မိဘတွေက ရင်းနှီးပြီးသားဆိုရင် အဆင်ပြေပေမယ့် စေ့စပ်တဲ့နေ့မှ မြင်ဖူး၊ စကားသေချာ ပြောကြမယ်ဆိုရင် စိမ်းနေနိုင်ပါတယ်။ မင်္ဂလာဆောင်ပွဲလေး စီစဉ်တဲ့ကာလတစ်လျှောက်လုံးမှာလည်း နှစ်ဖက်မိဘတွေအနေနဲ့ ညှိနှိုင်းစရာတွေ ရှိသေးတယ်ဆိုတော့ စေ့စပ်ပွဲလေးမှာ ရင်းနှီးမှု များများယူဖို့ လိုပါတယ်။ နှစ်ဖက်မိဘက စိမ်းနေတယ်ဆိုရင်တော့ သတို့သား၊ သတို့သမီးလေးတို့က ဦးဆောင်ပြီး စကားများများပြောပေးပါနော်။ အရမ်းကြီး တိတ်ဆိတ်နေတာမျိုး မလုပ်မိဖို့ သတိထားပါ။

ဆင်ခြင်ရမယ့်အရာ(photo: www.elitedaily.com/)

ဆင်ခြင်ရမယ့်အရာ

စေ့စပ်ပွဲလေးမှာ နှစ်ဖက်မိသားစု ရင်းနှီးထားပြီးသားဆိုရင် ပြဿနာ မဟုတ်ပေမယ့် မရင်းနှီးကြဘူးဆိုရင် သတို့သားလေးနဲ့ သတို့သမီးလေးတို့က ရင်းနှီးအောင် လုပ်ပေးရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ အရမ်းကြီး မလွန်ဖို့တော့ လိုပါတယ်။ ဒီအချိန်မှာ ယောက်ျားလေးရှင်ဘက်ကလည်း မိန်းကလေးကို ကြည့်နေတာ ဖြစ်သလို သမီးရှင်ကလည်း ယောက်ျားလေးကို နည်းန်းတော့ အကဲခတ်နေမှာပါ။ ဒီတော့ အပြောအဆိုလေးတွေ၊ အပြုအမူလေးတွေ ဆင်ခြင်ဖို့ လိုပါတယ်နော်။

ဦးဆောင်ပေးမယ့်သူ

စေ့စပ်ပွဲလေးမှာ ဦးဆောင်ပြီး စကားပြောပေးမယ့် စကားပြောကောင်းတဲ့သူတော့ လိုပါတယ်နော်။ မရင်းနှီးသေးတဲ့ နှစ်ဖက်မိဘတွေဆိုရင် ပိုပြီး ရင်းနှီးစေဖို့အတွက် ဒီလိုဦးဆောင်ပြောပေးမယ့်သူ လိုပါတယ်။ စေ့စပ်ပွဲမှာ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ပျော်ပျော်ရွှင်ရွှင်လေးတွေ ပြောပေးနိုင်မယ့်သူ ကြိုရှာထားပါနော်။ ဦးဆောင်ပေးမယ့်သူ ကြိုမရှာထားတာမျိုး မလုပ်ပါနဲ့နော်။ ဦးဆောင်ပေးမယ့်သူကိုလည်း နှစ်ဖက်မိဘရဲ့ စိတ်နဲ့ စုံတွဲလေးတို့အကြောင်း နည်းနည်းပြောပြထားပေးနော်။

စေ့စပ်ပွဲ ကျင်းပချိန်မှာ နှစ်ဖက်မိဘရှေ့ သတိထားရမယ့် အချက်(၃) ချက်နော်။

Tags: adviceengagementparents

Comments

0 comments
Advertisement