Advertisement

စုံတွဲလေးတို့ ညှိနှိုင်းရခက်တဲ့ စေ့စပ်ပွဲ မဖြစ်ချင်ဘူးဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေကို လုပ်ကြည့်ပေးနော်။ ဒါဆို အဆင်ပြေနိုင်ပါတယ်။

စုံတွဲလေးတို့ လက်ထပ်ကြတော့မယ်လို့ နှစ်ဦးသား တိုင်ပင်ပြီးပြီဆိုရင်တော့ နှစ်ဖက်မိဘတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းဆွေးနွေးတာမျိုး လုပ်ရမှာပါ။ တင်တောင်းတာ၊ နှစ်ဖက်မိဘ စကားပြောတာ၊ စေ့စပ်တာမျိုး လုပ်ရမှာပါ။ တချို့ဆိုရင် နှစ်ဖက်မိဘ ညှိနှိုင်းမရလို့ စိတ်ညစ်နေရတာမျိုး ရှိပါတယ်။ အဲဒီလို မဖြစ်ချင်ဘူးဆိုရင်တော့ စေ့စပ်တဲ့အခါမှာ သိထားရမှာတွေ ရှိပါတယ်။

စစတွေ့ချင်းမှာ

မပြေလည်တာတွေ မဖြစ်ချင်ရင်တော့ စစတွေ့ချင်းမှာ အဆင်ပြေအောင် နေဖို့လိုပါတယ်။ စစတွေ့ချင်းမှာ ချစ်သူရဲ့ မိဘတွေ မျက်စိထဲမှာ အားလုံး အဆင်ပြေနေဖို့ လိုပါတယ်။ ဒါမှသာ စေ့စပ်ပွဲလေး လုပ်တဲ့အခါ ညှိနှိုင်းရ သဘောတူမှာပါ။

စိတ်လျှော့ပါ

စေ့စပ်ပွဲလေး လုပ်ဖို့ နှစ်ဖက်မိဘ အဆင်မပြေရတဲ့ အချက်တွေထဲမှာ မာနတွေ ထားတာလည်း ပါဝင်ပါတယ်။ မာနတွေ ထားတာက တစ်ယောက်နဲ့ တစ်ယောက် မပြေလည်မှုတွေပဲ ပိုများစေတာမို့ မာနတွေ လျှော့ပါ။ အတူတူ ပေါင်းဖက်ဖို့က အဓိက ကျတာမို့ ဟိုလိုဖြစ်မှရမယ်၊ ဒီလိုဖြစ်ချင်တယ်ဆိုတဲ့ စိတ်တွေ လျှော့ပါ။ နှစ်ဖက်မိဘကိုလည်း ကြိုပြောပါ။

စေ့စပ်ပွဲ တစ်ပွဲဖြစ်လာအောင်

စေ့စပ်ပွဲ တစ်ပွဲဖြစ်လာအောင်

လူချင်းမဆုံခင်

နှစ်ဖက်မိဘတွေ အချင်းချင်း မဆုံခင်မှာ မပြေလည်ဘူးထင်တဲ့ အရိပ်အယောင်လေးတွေ မြင်တယ်ဆိုရင် လက်ဆောင်ပို့ပေးတာမျိုး လုပ်ကြည့်ပါ။ ကြိုက်နှစ်သက်တဲ့ ပစ္စည်းလေးတွေ ဂါဝရတရား ရှေ့ထားပြီး ပေးပါ။ ဒီလိုဆိုရင်တော့ သိတတ်ပါလားဆိုပြီး အမြင်ကြည်နိုင်ပါတယ်။

 ကိုယ့်ဘက်ကို အရင်ညှိကြပါ

စုံတွဲလေးတို့ရေ နှစ်ဖက်မိဘကြားမှာ ညှိမရဘူး၊ အဆင်မပြေတယ်ဖြစ်နေတယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့မိဘကို ညှိပါ။ ကိုယ့်ရဲ့ မိဘတွေကို ကိုယ့်အိမ်ထောင်ဖက်အကြောင်း အရင်ဆုံးပြောပြပါ။ မိဘတွေ နားမလည်တာတွေ ရှိနေရင်လည်း အချိန်ယူပြီး ရှင်းပြပါ။ စေ့စပ်ပွဲ လုပ်ဖု့ိကိုပဲ တအားမလောပါနဲ့။

စေ့စပ်ပွဲ တစ်ပွဲဖြစ်လာအောင်

စေ့စပ်ပွဲ တစ်ပွဲဖြစ်လာအောင်

သူ့ရဲ့မိဘတွေနဲ့ စကားပြောကြည့်ပါ

စေ့စပ်တာနဲ့ ပတ်သက်ပြီးအဆင်မပြေတာတွေ ဖြစ်နေပြီဆိုရင် စုံတွဲလေးတို့က ကြားထဲကနေ ပြေလည်အောင် ညှိနှိုင်းပေးတတ်ဖို့ လိုပါတယ်။ သူ့ရဲ့ မိဘတွေနဲ့ အေးအေးဆေးဆေး စကားပြောကြည့်တာမျိုး လုပ်ပါ။ မပြေလည်တာတွေ သေချာအောင် ရှင်းပြနိုင်ရင်တော့ ပြေလည်သွားမှာပါ။

စုံတွဲလေးတို့ ညှိနှိုင်းရခက်တဲ့ စေ့စပ်ပွဲ မဖြစ်ချင်ဘူးဆိုရင်တော့ Marry က ပြောပြထားတဲ့ အချက်တွေကို လုပ်ကြည့်ပေးနော်။ ဒါဆို အဆင်ပြေနိုင်ပါတယ်။

Tags: engagementparents

Comments

0 comments