Advertisement

ဒီဝါကျွတ်မှာ စေ့စပ်ပွဲလေး လုပ်ဖို့ စေ့စပ်လက်စွပ်လေး ရွေးချယ်မယ်ဆိုရင် ဒီအချက်လေးတွေ သိထားပေးနော်။

ဒီဝါကျွတ်မှာ ကိုယ့်ချစ်သူနဲ့ စေ့စပ်ပွဲလေး လုပ်ထားမယ်ဆိုရင် စေ့စပ်လက်စွပ်ကတော့ မဖြစ်မနေ လိုအပ်တယ်လေနော်။ စေ့စပ်လက်စွပ်က ဆိုင်မှာ ရွေးချယ်တာမျိုးလည်း လုပ်လို့ ရသလို ခုကာလမှာတော့ အွန်လိုင်းကနေ ရောင်းချနေတာမျိုးလည်း ရှိတယ်လေ။ ဘယ်ကနေပဲ ရွေးရွေး စေ့စပ်လက်စွပ်ဆိုတာက အရေးကြီးတာမို့ သေချာ ရွေးချယ်ရမှာပါ။

အမျိုးအစား

စေ့စပ်လက်စွပ် ရွေးချယ်တဲ့အခါမှာ အမျိုးအစားအနေနဲ့ စိန်နဲ့ ပလက်တီနမ်လား ဒါမှမဟုတ် စိန်နဲ့ရွှေ စပ်ထားတာလားဆိုပြီး ရွေးချယ်လို့ ရပါတယ်နော်။ စိန်နဲ့ ပလက်တီနမ်ကတော့ ခုနောက်ပိုင်းမှာ အရွေးများလာတဲ့ အမျိုးအစားပါ။ လက်ထပ်လက်စွပ်ကိုတော့ ရွှေနဲ့ လုပ်ကြတာဆိုတော့ စေ့စပ်လက်စွပ်ကတော့ စိန်နဲ့ ပလက်တီနမ် များပါတယ်။

https://ohsoperfectproposal.com/

ပုံစံ

သတို့သမီးလောင်းလေး ကြိုက်လောက်မယ့် လက်စွပ်ပုံစံကို သိထားဖို့တော့ လိုပါတယ်နော်။ ပုံစံတွေကတော့ အဝိုင်း၊ လေးထောင့်၊ အချွန်၊ စတုဂံ၊ အသည်းပုံ အစရှိသလို အများကြီးပါပဲ။ အဲဒီထဲကမှ သတို့သမီးလောင်းလေး ကြိုက်လောက်မယ့် ပုံစံ ဖြစ်ဖို့ လိုပါတယ်နော်။ မျက်နှာဝိုင်းတယ်ဆိုရင်တော့ လေးထောင့်စိန်လက်စွပ် ပုံစံလေးနဲ့ဆို ပိုပြီး လိုက်ဖက်နိုင်ပါတယ်။

Consultant helps couple to choose jewelry at jeweler’s shop. Concept of wealth and luxurious life

ရွေးချယ်တဲ့အခါ

ဆိုင်မှာ သွားရွေးတဲ့အခါ နောက်ဆုံးပေါ် ဒီဇိုင်းကို အရင်ပြခိုင်းပါ။ နောက်ဆုံးပေါ် ဒီဇိုင်းတွေထဲက အရင်ဆုံး ရွေးကြည့်ပါ။ အဲဒီထဲကနေ မကြိုက်မှ ကိုယ်လိုချင်တဲ့ ပုံစံမျိုးကို အရင်ရှာပါ။ နောက်တစ်ခုကတော့ ငွေပမာဏ သတ်မှတ်သွားပါ။ အဲဒီဝန်းကျင်ထဲက စေ့စပ်လက်စွပ် ပုံစံတွေကို ပြခိုင်းပါနော်။ စိန်အပွင့်ကြီးတာမျိုး ရှိသလို လူငယ်ဆန်ဆန် စိန်ပွင့်သေးသေးလေးတွေနဲ့ အရံခြယ်ထားတာမျိုးလည်း ရှိပါတယ်။ ကိုယ့်ရဲ့ သတို့သမီးလောင်းလေးက စေ့စပ်လက်စွပ်ကို ပိုကြီးတဲ့ ပုံစံကြိုက်ရင်တော့ စိန်အပွင့်ကြီးတာကို ရွေးပါ။ လူငယ်ဆန်ချင်ရင်တော့ စိန်အပွင့်သေးသေးလေးတွေ များများပါတာကို ရွေးပါ။

အွန်လိုင်းကနေ ဝယ်ယူရင်

ခုက အွန်လိုင်းကနေ စိန်ရွှေတွေလည်း ရောင်းနေတဲ့ခေတ်ဆိုတေ့ာ အွန်လိုင်းကနေ ဝယ်ယူလို့ ရနေပါပြီ။ အွန်လိုင်းကနေ ဝယ်ယူမယ်ဆိုရင်တော့ live အတွင်း ရွေးချယ်တာမျိုးတော့ မလုပ်ပါနဲ့။ live အတွင်း ရွေးချယ်တာက ကိုယ့်စိတ်ကြိုက် ဖြစ်မဖြစ်ဆို စဥ◌်းစားချိန် သိပ်မရဘူးလေနော်။ ဒီတော့ အွန်လိုင်းကိုမှ အပြင်ပုံတွေ သေချာ ပြခိုင်းတာမျိုး လုပ်ပါ။

 

Comments

0 comments