စေ့စပ်ပွဲအတွက် အိမ်ကို ဘယ်လိုပြင်ဆင်ထားမလဲ

by: Phyo Pyae Thu
 0 comments  0 love

 စေ့စပ်ပွဲအတွက် အိမ်မှာ သေချာ ပြင်ထားဖို့ လိုတယ်နော်။ ဒါမှ ကိုယ့်အိမ်ကို ကြွရောက်ကြမယ့် ဧည့်ပရိတ်သတ်တွေရော သတို့သားဘက်က မိဘတွေရော အဆင်ပြေမှာပါ။

သတို့သမီးလောင်းလေးတို့ရေ မင်္ဂလာမဆောင်ခင် နှစ်ဖက်မိဘတွေ့ဆုံပြီး စေ့စပ်ပွဲလေး လုပ်ကြတယ်မလား၊ စေ့စပ်တောင်းရမ်းပွဲပေါ့။ စေ့စပ်တောင်းရမ်းတဲ့နေ့မှာ ကိုယ့်ရဲ့ မိတ်ဆွေတွေအပြင် သတို့သားဘက်က မိဘနဲ့ မိတ်ဆွေတွေလည်း လာမှာမလို့ သတို့သမီးလေးတို့ အိမ်ကို သေချာလေး ပြင်ဆင်ထားသင့်ပါတယ်။ စေ့စပ်ပွဲအတွက် အိမ်ကို ဘယ်လိုပြင်ဆင်ထားမလဲဆိုတာ ပြောပြမယ်နော်။

သန့်ရှင်းရေး

သတို့သမီးလောင်းလေးတို့ အဓိက လုပ်ဆောင်ရမှာကတော့ သန့်ရှင်းရေးပါ။ ခြံဝင်းလည်း သန့်ရှင်းထားဖို့ လိုသလို အိမ်အတွင်းမှာလည်း သန့်ရှင်းထားဖို့ လိုပါတယ်။ အိမ်တွင်းမှာ ထားတဲ့ ပစ္စည်းတွေလည်း သူ့နေရာနဲ့သူ သေသေသပ်သပ် နေရာ ချထားပေးနော်။ နောက်ပြီး ပစ္စည်းတွေ စုပြီး တစ်နေရာတည်း ထားတာမျိုးကိုလည်း ရှောင်ပါ။ ဧည့်ခန်းမှာ ဧည့်သည်တွေအတွက် နေရာပေးနိုင်ဖို့လည်း သေချာ စီစဉ်ထားပါ။

စေ့စပ်ပွဲအတွက်

စကားဦးဆောင်ပြောမယ့်သူအတွက် နေရာ

သတို့သမီးလောင်းလေးတို့ အိမ်မှာ ပြင်ဆင်ထားရမယ့် နေရာတွေထဲမှာ စေ့စပ်ပွဲအတွက် စကားဦးဆောင်ပြီး ပြောမယ့်သူအတွက် နေရာလည်း ပါဝင်ပါတယ်။ ဧည့်ခန်းမှာ ခုံတွေနဲ့ ပြောမယ်ဆိုရင်လည်း လူကြီးမိဘတွေ အကုန်လုံး ဆံ့လားဆိုတာ သတိပြုဖို့ လိုပါတယ်။ တခါတလေမှာ ဧည့်ခန်းခုံက လူအပြည့်မဆံ့တာတွေ ဖြစ်တတ်တာကြောင့်ပါ။ ဒါကြောင့် ဧည့်သည်တွေ အားလုံး ဆံ့ဖို့ ကြိုးစားပါ။

အပြင်အဆင် (photo: http://homesifery.info/top/)

အပြင်အဆင်

သတို့သမီးလေးတို့ ဧည့်ခန်းမှာ ပန်းအပြင်အဆင် ပြင်ဖို့ အဆင်ပြေတယ်ဆိုရင် ပန်းတွေ အလှဆင်ထားပါ။ ခုနောက်ပိုင်းမှာ Decoration လေးတွေလည်း သေချာ လုပ်လို့ ရပါတယ်။ ပန်းအစစ်တွေ မဟုတ်ဘဲ ပန်းအခြောက်ကိုပဲ Crystal ကြိုးလေးတွေနဲ့ အလှဆင်လို့ ရပါတယ်။ နံရံမှာ ကပ်ထားမယ်ဆိုရင် အဲဒီနေ့အတွက် တကယ့်ကို ကောင်းမွန်တဲ့ photo booth လေး တစ်ခု ဖြစ်နေမှာပါ။ ပန်းအလှအိုးလေးတွေ သေချာထိုးထားတာကလည်း ပြင်ဆင်ထားတဲ့ပုံစံပေါ်ပါတယ်။ အိမ်မှာတင် ဓါတ်ပုံကောင်းကောင်း ရိုက်လို့ရအောင် ပြင်ဆင်ထားမယ်ဆိုရင် စေ့စပ်ပွဲလေးက အရမ်းကို ပြည့်စုံနေမှာပါ။

သတို့သမီးလောင်းလေးတို့ စေ့စပ်ပွဲအတွက် အိမ်မှာ သေချာ ပြင်ထားဖို့ လိုတယ်နော်။ ဒါမှ ကိုယ့်အိမ်ကို ကြွရောက်ကြမယ့် ဧည့်ပရိတ်သတ်တွေရော သတို့သားဘက်က မိဘတွေရော အဆင်ပြေမှာပါ။

 

From Marry with

Tag: beautyadvicebrideengagement

Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords