စေ့စပ်ပွဲ အထမြောက်ဖို့ လိုအပ်တာတွေ

by: Phyo Pyae Thu
 0 comments  1 love

 စေ့စပ်ပွဲလေးအကြောင်း ပြောကြတော့မယ်ဆိုရင် လိုအပ်တာတွေကို သိထားရမှာပါ။။ စေ့စပ်ပွဲ အထမြောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ပြောပြမယ်နော်။

စုံတွဲလေးတို့ရေ မင်္ဂလာပွဲကျင်းပတော့မယ်ဆိုရင် စေ့စပ်ပွဲလေး အရင် ကျင်းပကြရမယ် မဟုတ်လား။ မင်္ဂလာပွဲ မကျင်းပခင်မှာ နှစ်ဖက်မိဘတွေနဲ့ တွေ့ဆုံပြီး စေ့စပ်ပွဲလေးအကြောင်း ပြောကြတော့မယ်ဆိုရင် အားလုံးအဆင်ပြေ ချောမွေ့နေစေဖို့ လိုအပ်တာတွေကို သိထားရမှာပါ။။ စေ့စပ်ပွဲ အထမြောက်ဖို့ ဘာတွေလိုအပ်လဲဆိုတာ ပြောပြမယ်နော်။

သဘောတူညီမှု

စုံတွဲလေးတို့ စေ့စပ်ပွဲ အထမြောက် အောင်မြင်ချင်တယ်ဆိုရင်တော့ နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှု ရရှိဖို့ လိုပါတယ်။ သဘောတူညီမှု ဆိုတာကလည်း မင်္ဂလာပွဲ ကျင်းပဖို့ ဆွေးနွေးတာထက် တဖက်နဲ့တဖက် ကြည်ဖြူဖို့ လိုပါတယ်။ နှစ်ဖက်မိဘ ကြည်ကြည်ဖြူဖြူ ဖြစ်မှသာ စေ့စပ်ပွဲလေး ကျင်းပလို့ ရမှာပါ။

စေ့စပ်ပွဲ အထမြောက်ဖို့ လိုအပ်တာတွေ (photo: moneycrashers.com)

စေ့စပ်ပေးမယ့်လူကြီး

စုံတွဲလေးတို့ရဲ့ စေ့စပ်ပွဲလေး အဆင်ပြေဖို့ စေ့စပ်ပေးမယ့်လူကြီးတစ်ဦး လိုအပ်ပါတယ်။ နှစ်ဖက်မိဘတွေက လေးစားရပြီး စေ့စပ်ကြောင်းလမ်းစကား ပြောတတ်တဲ့သူ ဖြစ်ဖို့ အရေးကြီးပါတယ်။ စေ့စပ်ပွဲလေးအတွက် သေချာပြောဆိုပေးတတ်ပြီး ပွဲကို ဦးဆောင်ပေးတတ်တဲ့ လူကြီး ဖြစ်ရပါမယ်နော်။ ဒါမှ ကိုယ့်ပွဲလေးက ပျော်ပျော်ရွှင်ရွှင် ဖြစ်မှာပါ။

စေ့စပ်ပေးမယ့်လူကြီး (photo: moneycrashers.com)

ဧည့်ခံရေး

စေ့စပ်ပွဲဆိုတာ နှစ်ဖက်မိဘ ပထမဆုံး စတွေ့တဲ့ရက် ဖြစ်တာမို့ မျက်နှာပျက်စရာ မဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ဧည့်ခံရေးကို အထူးဂရုစိုက်ရပါမယ်နော်။ ဧည့်ခံရေးမှာ အကျွေးအမွေးရော၊ ဧည့်ခံတာရော အဆင်ပြေနေဖို့ လိုပါတယ်။ မိန်းကလေးရှင်ဘက်က သေချာပြင်ဆင်ထားရပါမယ်။ အကျွေးအမွေးမှာလည်း ကြွရောက်ကြမယ့် ဧည့်သည်တွေရဲ့ အကြိုက်ကို ဦးစားပေးပါ။

ဧည့်ခံရေး (photo: moneycrashers.com)

တင်တောင်းပစ္စည်း

တင်တောင်းတဲ့အခါမှာ သမီးရှင်က စိတ်တိုင်းကျဖို့ လိုပါတယ်နော်။ သမီးရှင်ဘက်က စိတ်တိုင်းကျဖို့ဆိုတာလည်း သတို့သမီးရဲ့မေမေ စိတ်ကျေနပ်ဖို့ပါ။ မင်္ဂလာဆောင်စရိတ်၊ မင်္ဂလာဆောင်ပြီးနောက် ရင်းနှီးလုပ်ကိုင်စားသောက်ဖို့ ငွေသားဒါမှမဟုတ် ပစ္စည်းဆိုရင် လက်ခံနိုင်မလား၊ တင်တောင်းတဲ့ပစ္စည်းက ဇနီးမောင်နှံအတွက်လား၊ မေမေတို့က နို့ဖိုးအနေနဲ့ ယူထားမှာလားဆိုတာ သေချာ တိုင်ပင်ပါ။ နောက်ပြီး သတို့သားလေးဘက်က တတ်နိုင်တာနဲ့ လုပ်ပေးနိုင်တာကို ပွင့်ပွင့်လင်းလင်းသာ  ပြောပါ။ စေ့စပ်ပွဲမှာ အဆင်ပြေဖို့ တင်တောင်းပစ္စည်းကလည်း အရေးကြီးပါတယ်နော်။

စုံတွဲလေးတို့ရဲ့ စေ့စပ်ပွဲလေး အထမြောက်ချင်တယ်ဆိုရင်တော့ Marry က ပြောပြထားတာလေး မမေ့ပါနဲ့နော်။

စိတ်ကူးထဲက မင်္ဂလာပွဲလေးဖြစ်မြောက်ဖို့ သတို့သား သတို့သမီးလောင်းတို့ ကိုယ်တိုင်အပင်ပန်းခံ စီစဉ်စရာလုံးဝမလိုအောင် Marry Wedding Planner ရဲ့ပြီးပြည့်စုံလွန်းတဲ့ Wedding Package (၃) မျိုး နဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ဒါကြောင့် အခုပဲ Marry ရဲ့ဖုန်း : 09 694 496 926 ကိုဆက်သွယ်ပြီး အကောင်းဆုံး Wedding Package တွေကို ရယူလိုက်တော့နော်။
From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords