Advertisement

စေ့စပ်ပွဲလေး မလုပ်ခင်မှာ နှစ်ဖက်မိဘ အချင်းချင်း အဆင်မပြေတာတွေ ဖြစ်နေတယ်ဆိုရင် Marry က ပြောပြထားတဲ့ အချက်လေးတွေနဲ့ ညှိနှိုင်းဆောင်ရွက်ကြည့်ပါနော်။

ချစ်သူတို့ရေ တူနှစ်ကိုယ်တိုင်းပြည်လေး ထူထောင်တော့မယ်ဆိုရင် နှစ်ဖက်မိဘတွေ့ဆုံပြီး စေ့စပ်ပွဲလေး အရင်ဆုံး လုပ်ကြမယ်မလား၊ စေ့စပ်ပွဲလေး လုပ်ဖို့ဆိုတာ နှစ်ဖက်မိဘရဲ့ ဆက်ဆံရေးတွေ ပြေပြစ်အဆင်ပြေနေဖို့လည်း အရေးကြီးပါတယ်နော်။ တချို့စုံတွဲလေးတွေမှာ နှစ်ဖက်မိဘ ဆက်ဆံရေး မပြေပြစ်တာတွေကြောင့် စိတ်ညစ်နေရတာမျိုးရှိပါတယ်။ ဒီလို ပြဿနာမဖြစ်ရလေအောင် နှစ်ဖက်မိဘတွေကြား ကိုယ်က ညှိနှိုင်းပေးရမှာတွေ ရှိပါတယ်။

အဆင်ပြေမယ့်စကားတွေပဲ ပြန်ရောက်ပါစေ

စုံတွဲလေးတို့ကြားထဲမှာ စေ့စပ်ပွဲလေး လုပ်ဖို့ ညှိနှိုင်းစရာတွေ ရှိမှာပါ။ အဲဒီထဲမှာ အဆင်ပြေတာတွေရော မပြေတာတွေရော ရှိမှာ သေချာပါတယ်။ နှစ်ဖက်မိဘရဲ့ နားထဲကိုတော့ အဆင်ပြေမယ့် စကားတွေပဲ ပြန်ရောက်ပါစေနော်။ ကျန်တဲ့ကိစ္စတွေကို စုံတွဲလေးတို့အချင်းချင်းပဲ ညှိပါ။

မစေ့စပ်ခင်

မစေ့စပ်ခင်မှာ နှစ်ဖက်မိဘတွေ ပြေလည်အောင် စုံတွဲလေးတို့က ကြားထဲကနေ ညှိနှိုင်းပေးဖို့ လိုပါတယ်။ ကိုယ့်လက်တွဲဖော်ရဲ့ မိသားစုဝင်တွေအကြောင်းကို ကောင်းကြောင်းလေး နည်းနည်းပိုပိုသာသာ ပြောထားပါ။ ဒါမှ ကိုယ့်ရဲ့မိဘတွေက အိမ်ထောင်ဘက်ရဲ့ မိသားစုဝင်တွေကို အမြင်ကြည်မှာပါနော်။

စေ့စပ်ဖို့ကိစ္စ ပြောတဲ့အခါ

စေ့စပ်တောင်းရမ်းတယ်ဆိုတာ ဒေသအလိုက် ကွဲပြားမှု ရှိပေမယ့် တောင်းရမ်းတာမျိုးတော့ ဒေသတိုင်းမှာ ရှိပါတယ်နော်။ တောင်းရမ်းတဲ့အခါမှာလည်း သတို့သားလေးဘက်က တင်တောင်းမယ့် ကိစ္စတွေကို အရင်ဆုံး သတို့သမီးလေးကို တိုင်ပင်ပါ။ သတို့သမီးလေးရဲ့ မိသားစုဝင်တွေကရော စေ့စပ်တောင်းရမ်းဖို့ ဘာတွေ ပြောမလဲဆိုတာမျိုး နားစွင့်ပါ။ တတ်နိုင်သမျှ လိုက်လျောပေးပါ။ နှစ်ဖက်မိဘက ဘာတွေပဲပြောပြော ပြေလည်အောင် စုံတွဲလေးတို့ ကြားထဲကနေ ညှိနှိုင်းပါ။

ယောက္ခမလောင်းနဲ့ ရင်းနှီးပါစေ

စေ့စပ်မယ့် သတို့သမီးလောင်းလေးရော သတို့သားလောင်းလေးရော ယောက္ခမနဲ့ အဆင်ပြေ ရင်းနှီးအောင် အရင်ဆုံး ဆောင်ရွက်ထားပါ။ ဒါမှ မိဘတွေ အချင်းချင်း ရင်းနှီးချစ်ခင်လာမှာပါ။ ယောက္ခထီး၊ ယောက္ခမနဲ့ တည့်အောင် နေပါ။ အကူးအသန်း အသွားအလာ ရှိအောင် လုပ်ထားပါ။ ဒါမှ ကိုယ်တွေကနေတဆင့် နှစ်ဖက်မိဘက ရင်းနှီးလာမှာပါနော်။

(photo: besthqwallpapers.com)

သူတို့ချင်း ရင်းနှီးပါစေ

စေ့စပ်ပွဲ မလုပ်ခင်ကတည်းက တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖူးကြဘူးဆိုရင်တောင် ဖုန်းကတဆင့်၊ အကြောင်းအရာ စကားတွေက တဆင့် အချင်းချင်း ရင်းနှီးပါစေ။ ဒါကတော့ စုံတွဲလေးတို့ စွမ်းဆောင်ရည်ပေါ်မှာ အများကြီး မူတည်ပါတယ်နော်။ ကိုယ့်အိမ်ထောင်ဘက်ရဲ့ညီအကိုမောင်နှမတွေနဲ့ ကိုယ့်ရဲ့ မောင်နှမတွေ အရင်ဆုံး ပေးတွေ့တာမျိုး လုပ်ပါ။ တဦးချင်း တဆင့်ချင်းစီ ရင်းနှီးသွားမယ်ဆိုရင် နောက်ဆုံးမှာ နှစ်ဖက်မိဘ အချင်းချင်းလည်း ဆက်ဆံရေး ပြေလည်သွားမှာပါ။

 

Tags: engagementparents

Comments

0 comments