Advertisement

ချစ်တို့ရေ စေ့စပ်ပွဲ ပြုလုပ်ဖို့ ကြိုတင်ပြင်ဆင်ထားချင်တယ်ဆိုရင်တော့ ခုပြောပြထားတဲ့ အချက်တွေကို အရင် သေချာလေး ပြင်ဆင်ထားပါနော်။

ချစ်တို့ရေ စေ့စပ်ပွဲလေး လုပ်ဖို့စဥ◌်းစားနေပြီလား။ စေ့စပ်ပွဲဆိုတာ မင်္ဂလာဆောင်ပွဲနဲ့ နှစ်ဥ◌ီးဘဝရဲ့ အစဆုံး ခြေလှမ်းဖြစ်တာမလို့ သေချာစီစဥ◌်ထားဖို့ လိုပါတယ်။ အကုန်လုံး စေ့စပ်သေချာအောင် စီစဥ◌်ထားပြီး ပြင်ဆင်ထားဖို့ လိုပါတယ်။ စေ့စပ်ပွဲလေး အထမြောက်ဖို့အတွက် ဒါတွေ ပြင်ဆင်ထားပါ  ချစ်တို့ရေ။

နှစ်ဖက်မိဘကို အရင်ဆုံးပေးတွေ့ပါ

နှစ်ဖက်မိဘတွေ တစ်ဖက်နဲ့ တစ်ဖက် မပြေလည် ဖြစ်နေတဲ့အချိန်မှာ စေ့စပ်ပွဲအတွက် ညှိနှိုင်းတွေ့ဆုံ ဆွေးနွေးတာတွေ မလုပ်ခင် မိတ်ဆုံစားပွဲလိုပုံစံလေးနဲ့ပဲ ပေးတွေ့ကြည့်ပါ။ နှစ်ဖက်မိဘတွေ အချင်းချင်း အရင်ဆုံး ပေးတွေ့ပြီး စကားပြောခိုင်းကြည့်နော်။ စေ့စပ်ပွဲအတွက် နှစ်ဖက်မိဘတွေက ဖုန်းကနေတဆင့်ဖြစ်ဖြစ် သိနေဖို့ လိုပါတယ်။

ကုန်ကျစရိတ်

စေ့စပ်ပွဲကတော့ အများစုက သမီးရှင်ဘက်က ကျင်းပကြတာ များပါတယ်။ အိမ်မှာတင်ပဲဆိုရင်တော့ သမီးရှင်ဘက်က အကုန်လုံး စီစဉ်ကြပါတယ်။ အကယ်လို့ ကိုယ်က ဆိုင်တစ်နေရာရာ၊ ခန်းမ တစ်နေရာရာမှာ ကျင်းပမယ်ဆိုရင်တော့ ကုန်ကျစရိတ်ကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ စုံတွဲလေးတို့လည်း တိုင်ပင်ထားဖို့ လိုပါတယ်နော်။

စကားများများ ပြောပါ

စေ့စပ်ပွဲဆိုတာ နှစ်ဖက်မိဘတွေ စုံစုံညီညီ စကားပြောတဲ့ ပွဲလေးဆိုရင်လည်း မမှားပါဘူး။ နှစ်ဖက်မိဘတွေက ရင်းနှီးပြီးသားဆိုရင် အဆင်ပြေပေမယ့် စေ့စပ်တဲ့နေ့မှ မြင်ဖူး၊ စကားသေချာ ပြောကြမယ်ဆိုရင် စိမ်းနေနိုင်ပါတယ်။ မင်္ဂလာဆောင်ပွဲလေး စီစဉ်တဲ့ကာလတစ်လျှောက်လုံးမှာလည်း နှစ်ဖက်မိဘတွေအနေနဲ့ ညှိနှိုင်းစရာတွေ ရှိသေးတယ်ဆိုတော့ စေ့စပ်ပွဲလေးမှာ ရင်းနှီးမှု များများယူဖို့ လိုပါတယ်။ နှစ်ဖက်မိဘက စိမ်းနေတယ်ဆိုရင်တော့ သတို့သား၊ သတို့သမီးလေးတို့က ဦးဆောင်ပြီး စကားများများပြောပေးပါနော်။

အမှတ်တရ ဓါတ်ပုံ

တချို့စုံတွဲလေးတွေက စေ့စပ်ပွဲကို ဓါတ်နဲ့ ဗီဒီယို မှတ်တမ်းတင်စရာ မလိုဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ အမှတ်တရဆိုတာ မင်္ဂလာပွဲနေ့မှ မဟုတ်ပါဘူးနော်။ စေ့စပ်ပွဲနေ့မှာပါ အမှတ်တရလေးတွေ ရှိနေဖို့ လိုပါတယ်။ နောက်တစ်ကြိမ် ပြန်မရနိုင်တဲ့ အမှတ်တရတွေပါ။ ဒီတော့ ဓါတ်ပုံဆရာ သီးသန့် မငှားချင်ဘူးဆိုရင်တောင် သူငယ်ချင်းတစ်ယောက်ယောက်ကိုဖြစ်ဖြစ် ရိုက်ထားပေးဖို့ အကူအညီတောင်းပါ။

အမှတ်တရ ဓါတ်ပုံ (photo: www.adagiodj.com)

စကားပြောကောင်းတဲ့သူ

စေ့စပ်ပွဲလေးမှာ ဦးဆောင်ပြီး စကားပြောပေးမယ့် စကားပြောကောင်းတဲ့သူတော့ လိုပါတယ်နော်။ မရင်းနှီးသေးတဲ့ နှစ်ဖက်မိဘတွေဆိုရင် ပိုပြီး ရင်းနှီးစေဖို့အတွက် ဒီလိုဦးဆောင်ပြောပေးမယ့်သူ လိုပါတယ်။ စေ့စပ်ပွဲမှာ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ပျော်ပျော်ရွှင်ရွှင်လေးတွေ ပြောပေးနိုင်မယ့်သူ ကြိုရှာထားပါနော်။

ဧည့်ခံရေး

စေ့စပ်ပွဲကတော့ လူအရမ်းမများတဲ့အတွက် ဧည့်ခံရေးကတော့ အဆင်ပြေမှာပါ။ ဒါပေမယ့် စေ့စပ်ပွဲမှာ လူကြီးတွေ အများစု လာမှာမို့ ဧည့်ခံရေးပိုင်းမှာ ဂရုစိုက်ဖို့ လိုပါတယ်နော်။

ဆင်ခြင်ရမယ့်အရာ

ဆင်ခြင်ရမယ့်အရာ (photo: www.adagiodj.com)

ဆင်ခြင်ရမယ့်အရာ

စေ့စပ်ပွဲလေးမှာ နှစ်ဖက်မိသားစု ရင်းနှီးထားပြီးသားဆိုရင် ပြဿနာ မဟုတ်ပေမယ့် မရင်းနှီးကြဘူးဆိုရင် သတို့သားလေးနဲ့ သတို့သမီးလေးတို့က ရင်းနှီးအောင် လုပ်ပေးရမှာပါ။ ဒါပေမယ့် ဒီနေရာမှာ အရမ်းကြီး မလွန်ဖို့တော့ လိုပါတယ်။ ဒီအချိန်မှာ ယောကျ်ားလေးရှင်ဘက်ကလည်း မိန်းကလေးကို ကြည့်နေတာ ဖြစ်သလို သမီးရှင်ကလည်း ယောကျ်ားလေးကို နည်းန်းတော့ အကဲခတ်နေမှာပါ။ ဒီတော့ အပြောအဆိုလေးတွေ၊ အပြုအမူလေးတွေ ဆင်ခြင်ဖို့ လိုပါတယ်နော်။

မင်္ဂလာဆောင်စရိတ်

စေ့စပ်ပြီးပြီဆိုရင်တော့ မင်္ဂလာဆောင်စရိတ်အတွက် စီစဉ်သင့်ထားဖို့ လိုပါတယ်။ ချစ်တို့အတွဲ စိတ်ကူးထားတဲ့ မင်္ဂလာပွဲပုံစံလေးအတွက် လိုအပ်တဲ့ ငွေပမာဏတွေ စုဆောင်းမိထားဖို့လိုပါတယ်။ ဒါမှ မင်္ဂလာဆောင်ပွဲကိုလည်း ပျော်ပျော်ရွှင်ရွှင် ကျင်းပနိုင်မှာဖြစ်ပြီး ယူပြီးတဲ့အခါမှာလည်း အဆင်ပြေပြေနေနိုင်မှာပါ။ စေ့စပ်ပွဲနေ့မှာ ဒီအချက်တွေကို ထည့်ပြီး ဆွေးနွေးဖို့ လိုပါတယ်။

ချစ်တို့ရေ စေ့စပ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားချင်တယ်ဆိုရင်တော့ ခုပြောပြထားတဲ့ အချက်တွေကို အရင်ပြင်ဆင်ထားနော်။

Tags: engagementprepare

Comments

0 comments