Advertisement

ချစ်တို့ရေ စေ့စပ်ပွဲက အရင်လို ဆိုင်တွေ၊ ခန်းမတွေမှာ ပြင်ဆင်လို့ မရဘူးဆိုတော့ ကိုယ့်အိမ်မှာ ဘာတွေလိုအပ်လဲဆိုတာ ဖတ်ထားပေးနော်။

မင်္ဂလာပွဲကြီး မလုပ်သေးခင်မှာ စေ့စပ်ပွဲလေး လုပ်ထားမယ်ဆိုရင် ပြင်ဆင်ထားရမှာတွေ ရှိတယ်နော်။ စေ့စပ်တောင်းရမ်းပွဲကတော့ မိန်းကလေးဘက်မှာပဲ လုပ်ကြတာဆိုတော့ သမီးရှင်တွေဘက်က ကြိုတင်ပြင်ဆင်ထားရမယ့် အချက်တွေပေါ့လေ။ ဒီတော့ ချစ်တို့ဘက်က ဘာတွေပြင်ဆင်ထားရမလဲ ဖတ်ကြည့်ရအောင်။

ဦးဆောင်ပေးမယ့်သူ

စေ့စပ်တဲ့အခါမှာ ဦးဆောင်ပြီး မင်္ဂလာစကားပြောပေးမယ့်သူ လိုပါတယ်။ ဒါကို သတို့သမီးလေးတို့ဘက်က အပြောကောင်းတဲ့သူ တစ်ယောက်လောက် စီစဉ်ထားရမှာပါ။ ဒါမှလည်း စေ့စပ်ပွဲလေးက အမြန်ဆုံးနဲ့ အဆင်ပြေချောမွေ့မှာပါ။

ဘယ်လိုပြင်ဆင်မလဲ

စေ့စပ်တောင်းရမ်းတာတွေက ဒေသ တစ်ခုနဲ့ တစ်ခု မတူညီပါဘူးနော်။ တချို့ကတော့ သတို့သမီးလောင်းလေး ကိုယ်တိုင်ကပဲ ယောကျာ်းလေးဘက်က မိဘတွေကို ထွက်ပြီး ကြိုကြပါတယ်။ တချို့ကတော့ ယောကျ်ားလေးဘက်က လူစုံနေရာချပြီးမှ သတို့သမီးလေးရဲ့ အဖေ အမေကသတို့သမီးလေး ထွက်လာဖို့ ခေါ်မလားပေ့ါ။ ဒါမျိုးတွေ ပြင်ဆင်ထားပါနော်။

အကျွေးအမွေး

စေ့စပ်တဲ့နေ့မှာ အကျွေးအမွေးအတွက် ပြင်ဆင်ထားဖို့ လိုပါတယ်။ လက်ဖက်၊ ကွမ်းအစ်တို့ ပြင်ဆင်လေ့ ရှိပေမယ့် ခုနောက်ပိုင်းမှာတော့ တခြား အစားအသောက်တွေနဲ့ ကျွေးမွေး ဧည့်ခံကြပါတယ်။ သတို့သမီးလေးတို့ဘက်က ပြင်ဆင်ထားဖို့ လိုပါတယ်နော်။

မိသားစုဝင်နဲ့ မိတ်ဆွေ

သတို့သမီးလောင်းလေးတို့ရေ စေ့စပ်တဲ့နေ့မှာ ကိုယ့်ရဲ့ မိဘတွေအပြင် တခြားဆွေမျိုးတွေကိုရော ခေါ်ထားမလား၊ ဘယ်နှဦးလောက် ရှိနေမလဲ၊ ရှေ့အိမ်နောက်အိမ် ဘယ်နှစ်ဦးလောက် ဖိတ်မလဲ ဆိုတာမျိုး စဉ်းစားထားရပါမယ်နော်။ နောက်တစ်ခုကတော့ အားလုံးအတွက် နေရာဆန့်အောင် စီစဉ်ထားရပါမယ်။

https://www.moneycrashers.com/

အိမ်အပြင်အဆင်

သတို့သမီးလောင်းလေးတို့ရေ စေ့စပ်တဲ့နေ့မှာ ကိုယ့်ရဲ့ အိမ်အပြင်အဆင်နဲ့ သန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်။ အိမ်ရဲ့ အတွင်းအပြင် သေချာလေး ပြင်ဆင်ထားပါ။ ဧည့်သည်တွေ လာတဲ့အခါမှာ ထိုင်ဖို့ နေရာထိုင်ခင်းသေချာလေး စီစဉ်ထားပါနော်။ ဧည့်ခန်းမှာပဲ ပြောမလား၊ ဘုရားခန်းမှာပဲ ပြောမလား အစရှိသလို တွေးပါ။

 

Comments

0 comments