မစေ့စပ်ခင် ချစ်သူကို မေးရမယ့် မေးခွန်းတွေ

by: Phyo Pyae Thu
 0 comments  0 love

စုံတွဲလေးတို့ရေ မစေ့စပ်ခင်မှာ ဒီမေးခွန်း (၅) ခုကို သေချာမေးထားမယ်ဆိုရင် မင်္ဂလာပွဲကျင်းပချိန်နဲ့ အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာ အဆင်ပြေမှာပါ။

စုံတွဲလေးတို့ရေ စေ့စပ်ပွဲလေး လုပ်တော့မယ်ဆိုရင် မစေ့စပ်ခင်မှာ ချစ်သူလေးနဲ့ တိုင်ပင်ဖို့ လိုပါတယ်နော်။ မစေ့စပ်ခင် ချစ်သူလေးနဲ့ ဆွေးနွေးရမယ့်အချက်တွေ၊ မေးခွန်းမေးစရာလေးတွေ မေးထားမှ အိမ်ထောင်သည်ဘဝရောက်တဲ့အခါ အဆင်ပြေမှာပါနော်။ ဘယ်မေးခွန်းတွေ မေးရမယ်ဆိုတာ Marry က ပြောပြမယ်နော်။

မစေ့စပ်ခင် (photo: everafterguide.net)

စိတ်နေသဘောထား

ချစ်သူသမီးရည်းစားဘဝနဲ့ အိမ်ထောင်သည်ဘဝဆိုတာ ကွာခြားပါတယ်။ အိမ်ထောင်သည်ဘဝမှာလည်း ချစ်ခင်ကြင်နာနေဖို့ဆိုတာ ချစ်သူသမီးရည်းစားဘဝတည်းက ချစ်ခင်ကြင်နာဖို့ လိုပါတယ်နော်။ ဒီတော့ အိမ်ထောင်သည်ဘဝမှာ အဆင်ပြေစေဖို့ ချစ်သူရဲ့ စိတ်နေသဘောထားကို သိရပါမယ်။ အဓိကကတော့ ကိုယ့်မိသားစုအပေါ်မှာ ထားတဲ့ စိတ်နေသဘောထားပေါ့။

တစ်ဘဝစာ ချစ်မှာလား (photo: fineartamerica.com)

မင်္ဂလာပွဲနဲ့ ကုန်ကျစရိတ်

စုံတွဲလေးတို့ရေ မင်္ဂလာပွဲနဲ့ ကုန်ကျစရိတ်အကြောင်းလည်း စေ့စပ်ပွဲ မလုပ်ခင်ကတည်းက မေးထားရမှာပါ။ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် မေးဖို့ လိုအပ်တဲ့ မေးခွန်းကတော့ မင်္ဂလာပွဲ ကျင်းပမယ့်ရက်နဲ့ ကုန်ကျစရိတ်ပါ။ ချစ်သူသမီးရည်းစားဘဝမှာ ငွေကြေးတွေအကြောင်း မဆွေးနွေးတာ အကောင်းဆုံးဆိုပေမယ့် နှစ်ယောက်တဘဝ ထူထောင်တော့မယ်ဆိုရင်တော့ ပြောကို ပြောဖို့ လိုပါတယ်။ မင်္ဂလာပွဲနဲ့ ပတ်သက်ပြီး အဖြေတိကျတဲ့ မေးခွန်းတွေ မေးပါ။

အတူတူ ဖြတ်ကျော်ချင်စိတ်ရှိလား

အိမ်ထောင်သည်ဘဝဟာ ချစ်သူဘဝလိုမျိုး အရာရာဟာ ပြည့်စုံပြီး ပျော်ရွှင်စရာ ကောင်းနေမှာတော့ မဟုတ်ပါဘူး။ အိမ်ထောင်သည်ဘဝမှာ ရင်ဆိုင်ရမယ့် အခက်အခဲတွေ၊ ပြဿနာတွေအားလုံးကို ရင်ဆိုင်ဖြေရှင်းဖို့ အဆင်သင့် ဖြစ်ရဲ့လားဆိုတာ မေးမြန်းပါ။ လက်ထပ်ပြီးနောက်မှာ အဲဒီကိစ္စက အရေးအကြီးဆုံးနဲ့ အဓိက အကျဆုံးပါပဲ။

မင်္ဂလာပွဲနဲ့ ကုန်ကျစရိတ် (photo: abcnews.go.com)

ကိုယ့်ဘက်ကနေ ရပ်တည်မှာလား

အိမ်ထောင်သည်ဘဝရောက်ပြီးနောက်မှာ ပြဿနာတွေ ဖြစ်လာခဲ့ရင် ကိုယ့်ဘက်ကနေ အမြဲ ရပ်တည်မလားဆိုတာ မေးပါ။ ကိုယ်နေမကောင်းတဲ့အချိန်၊ လုပ်ငန်းခွင်မှာ အဆင်မပြေတဲ့အခါတွေမှာရော ကိုယ့်ဘက်က ရပ်တည်ပေးမလားဆိုတာ မေးပါ။ ဘဝမှာ ကိုယ့်လက်တွဲဖော်ရဲ့ အားပေးမှုနဲ့ ယုံကြည်မှုက အရေးအကြီးဆုံးပါပဲနော်။

တစ်ဘဝစာ ချစ်မှာလား

တစ်ဘဝစာ ချစ်မှာလားဆိုတာကတော့ မေးရင် ချစ်မှာပဲ လို့ပဲ ဖြေမှာပါ။ ဒါပေမယ့်လည်း မေးကိုမေးရမယ့် မေးခွန်းပါ။ ကိုယ်သူ့ကို တစ်ဘဝလုံးစာ ချစ်နိုင်မယ့်သူလားဆိုတာ ကိုယ်ကပဲ ကြည့်ပြီး ဆုံးဖြတ်ရမှာပါ။ ဒီအချက်က ချစ်သူကိုလည်း မေးရမှာ ဖြစ်သလို ကိုယ့်ကိုယ်ကိုလည်း မေးမှာဖြစ်ပါတယ်။

စုံတွဲလေးတို့ရေ မစေ့စပ်ခင်မှာ ဒီမေးခွန်း (၅) ခုကို သေချာမေးထားမယ်ဆိုရင် မင်္ဂလာပွဲကျင်းပချိန်နဲ့ အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာ အဆင်ပြေမှာပါ။

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords