စေ့စပ်ပွဲလေးနဲ့ ပတ်သက်တဲ့ သိသင့်ဖွယ်အချက်များ

by: seng yar
 0 comments  0 love

လက်ထပ်ခွင့်ကို ပန်းလေးတွေ ပူဖောင်းလေးတွေ စိန်လက်စွပ်တွေ သာမက ဆန်းဆန်းပြားပြားလေးတွေ ပြုလုပ်ပြီး လက်ထပ်ခွင့်တောင်းတတ်ကြတာကို ခံရတတ်တာပါ။ 

စေ့စပ်ပွဲကိုတော့ များသောအားဖြင့် ဒီဇင်ဘာလမှာ ပြုလုပ်တတ်ကြပါတယ်

စေ့စပ်ပွဲလေးနဲ့ပတ်သက်ပြီး ဖြစ်တတ်တာလေးတွေဆိုတာကတော့ အများသားပါပဲ။ အဲတာတွေ ထဲက နာမည်ကြီး Bride ရဲ့ စစ်တမ်းကောက်ထားတာလေးကို ပြောပြပေးချင်ပါတယ်။ စေ့စပ်ပွဲ လုပ်ဖို့ အသင့်တော်ဆုံးအချိန် က ဘယ်အချိန် ဖြစ်မလဲ ဆိုတာကိုလည်း ပြောပြပေးထားပါတယ်နော်။

 

  •  အမျိုးသားတွေရဲ့ ၆၁ % က စေ့စပ်လက်စွပ် မဝယ်ခင် သူတို့ ကောင်မလေးတွေဆီက လက်စွပ်နဲ့ ပတ်သက်ပြီး အကြံတောင်းလေ့ရှိပါတယ်။ မဟုတ်ရင် အမျိုးသားက အဆင်ပြေမယ် ထင်တာ ဝယ်လာမိပြီး ကောင်မလေးက မကြိုက်ဘူးဆိုရင် အဆင်ပြေနိုင်မှာ မဟုတ်တဲ့အတွက် စေ့စပ်လက်စွပ်ကို မဝယ်ခင် အရင်ကြိုမေးရမှာပါ။
  •  စေ့စပ်ပွဲကိုတော့ များသောအားဖြင့် ဒီဇင်ဘာလမှာ ပြုလုပ်တတ်ကြပါတယ်။
  •  မိန်းကလေးတွေရဲ့ ၂၇ % ကတော့ သူတို့ကို သူတို့ ချစ်သူလေးတွေက လက်ထပ်ခွင့်တောင်းလိုက်တာနဲ့ ခဏနေကျ ချက်ချင်း သူတို့ရဲ့ အချစ်ဆုံး သူငယ်ချင်းတွေကို ပြန်ပြောပြတတ်ပါတယ်။ မိန်းကလေးတွေ သဘာဝကိုက ပျော်စရာဆိုလည်း ပြန်ပြောပြချင်တယ် စိတ်ဆိုးစရာဆိုလည်း ရင်ဖွင့်ချင်တတ်ကြပါတယ်။
  •  ၇၅ % ရှိတဲ့ မိန်းကလေးတွေကတော့ စေ့စပ်ပွဲလေး ပြီးတာနဲ့ Facebook Status ကို ပြောင်းတတ်ကြပါတယ်။

စုံတွဲတွေရဲ့ ၄၆ % ကသာ Facebook မှာ စေ့စပ်လိုက်တဲ့အကြောင်းကို တင်လေ့ရှိပါတယ်

  •  ကမ္ဘာကျော် Disney World ဆိုရင်တော့ နှစ်တိုင်း စုံတွဲပေါင်း ၂၀၀၀ ကျော်က စေ့စပ်ပွဲ လာရောက် ပြုလုပ်တတ်ကြပါတယ်လို့ ခန့်မှန်းခြေတွေအရ ပြောပြထားပါတယ်။
  •  မိန်းကလေးတွေထဲက ၃၇ % ကပဲ စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ လက်ထပ်ခွင့်တောင်းတာကို ခံရတာပါ။ လက်ထပ်ခွင့်ကို ပန်းလေးတွေ ပူဖောင်းလေးတွေ စိန်လက်စွပ်တွေ သာမက ဆန်းဆန်းပြားပြားလေးတွေ ပြုလုပ်ပြီး လက်ထပ်ခွင့်တောင်းတတ်ကြတာကို ခံရတတ်တာပါ။
  •  စုံတွဲတွေရဲ့ ၄၆ % ကသာ Facebook မှာ စေ့စပ်လိုက်တဲ့အကြောင်းကို တင်လေ့ရှိပါတယ်။ ကျန်တဲ့ % ကတော့ တိုးတိုးတိတ်တိတ်လေးနဲ့ ကိုယ်နဲ့ သိပ်ရင်းနှီးတဲ့သူတွေကြားမှာပဲ အသိပေး နေလိုက်တတ်ပါတယ်။

Marry ပြောပြပေးတဲ့ စေ့စပ်ပွဲလေးနဲ့ ပတ်သက်တဲ့အချက်လေးတွေကို ဖတ်ကြည့်ပေးပြီး ကိုယ့်ချစ်သူလေးကို စေ့စပ်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လို ပြုလုပ်ပေးရင် ကောင်းမလဲဆိုတဲ့ အကြံကောင်းတွေ ရရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

 

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles
Community
Latest wedding promotions
Keywords