စေ့စပ်ပွဲနဲ့ မင်္ဂလာပွဲ အချိန်ဘယ်လောက်ခြားသင့်လဲ

by: Phyo Pyae Thu
 0 comments  0 love

နယ်တွေမှာဆိုရင်တော့ ချစ်သူနှစ်ဦးက ဘယ်အချိန်လောက် လက်ထပ်ချင်တယ်ဆိုတာ အရင်ဆုံးတွေးပြီးမှ လက်ထပ်မယ့်ရက်ထက် (၆) လလောက်စောပြီး စေ့စပ်ပွဲ ကျင်းပကြတာမျိုးပါ။

စေ့စပ်တယ်ဆိုတာကတော့ နှစ်ဖက်မိဘ တွေ့ဆုံပြီး တောင်းရမ်းတာတွေ၊ မင်္ဂလာပွဲကျင်းပဖို့ နေ့ရက်ရွေးချယ်ခြင်းနဲ့ မင်္ဂလာပွဲကို ဘယ်လိုပုံစံလေး စီစဉ်မလဲဆိုတာ ပြောဆိုဆုံးဖြတ်ကြတဲ့ ပွဲလေးပါပဲ။ ဒီနေရာမှာ သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ အခက်တွေ့တာက စေ့စပ်ပွဲနဲ့ မင်္ဂလာပွဲအချိန်ဘယ်လောက်ခြားရမလဲ ဆိုတာပါပဲ။ ဒီတော့ စေ့စပ်ပွဲနဲ့ မင်္ဂလာပွဲ အချိန်ဘယ်လောက် ခြားသင့်သလဲဆိုတာ ပြောပြမယ်နော်။

စေ့စပ်ပွဲနဲ့ လက်ထပ်ပွဲကို အချိန်(၁) နှစ်လောက်တော့ ခြားပြီး ပြုလုပ်သင့်ပါတယ်

 

အချိန်ဘယ်လောက်ခြားသင့်လဲ

သတို့သားလောင်းနဲ့ သတို့သမီးလောင်းလေးတို့ရေ နယ်တွေမှာဆိုရင်တော့ ချစ်သူနှစ်ဦးက ဘယ်အချိန်လောက် လက်ထပ်ချင်တယ်ဆိုတာ အရင်ဆုံးတွေးပြီးမှ လက်ထပ်မယ့်ရက်ထက် (၆) လလောက်စောပြီး စေ့စပ်ပွဲ ကျင်းပကြတာမျိုးပါ။ ဒါကတော့ လက်ထပ်ရက်ကို နှစ်ဦးသား သတ်မှတ်ပြီးမှ စေ့စပ်ပွဲ စီစဉ်ကြတာမျိုးပါ။ တချို့ကျတော့လည်း စေ့စပ်ပွဲ လုပ်ပြီးမှ လက်ထပ်ရက် သတ်မှတ်ကြတာလည်း ရှိပါတယ်။ ဒီလိုဆိုရင်တော့ (၆)လကနေ (၁) နှစ်လောက် ခြားကြပါတယ်။

သတို့သားလောင်း၊ သတို့သမီးလောင်းလေးတို့ရေ နှစ်ဖက်မိဘ သဘောတူတယ်ဆိုရင် စေ့စပ်ပွဲနဲ့ မင်္ဂလာပွဲနေ့ကို အချိန် အတိုင်းအတာ အကန့်အသတ် မရှိဘဲ ခြားလို့ ရပါတယ်။ တချို့ကျတော့လည်း မင်္ဂလာပွဲ စီစဉ်ချိန်ရအောင် အချိန်ကြာကြာ ခြားကြတာတွေ ရှိပါတယ်။ အကယ်လို့ ချစ်သူက နိုင်ငံရပ်ခြားအလုပ်ကိစ္စနဲ့ သွားတာမျိုး ရှိမယ်ဆိုရင်တော့ အရင်ဆုံး စေ့စပ်ပြီး ကျန်ခဲ့မယ့်သူက လက်ထပ်ပွဲအတွက် စီစဉ်ထားပြီး စောင့်နေသင့်ပါတယ်။ ဒီလိုဆို ပြန်လာမယ့်ရက်နဲ့ လက်ထပ်ပွဲ ကျင်းပမယ့်ရက်ကို ညှိပြီး ကျင်းပလို့ ရပါတယ်။

လက်ထပ်ပွဲအတွက် စီစဉ်ပြီးမှ စေ့စပ်လည်း ရသလို စေ့စပ်ပြီးမှ လက်ထပ်မယ့်ရက် သတ်မှတ်လည်း ရပါတယ်

စေ့စပ်ပွဲနဲ့ လက်ထပ်ပွဲကို အချိန်(၁) နှစ်လောက်တော့ ခြားပြီး ပြုလုပ်သင့်ပါတယ်။ လက်ထပ်ပွဲအတွက် စီစဉ်ပြီးမှ စေ့စပ်လည်း ရသလို စေ့စပ်ပြီးမှ လက်ထပ်မယ့်ရက် သတ်မှတ်လည်း ရပါတယ်။ ဒါကတော့ နှစ်ဖက်မိဘတွေနဲ့ စီစဉ်မယ့် ပွဲပုံစံပေါ် မူတည်ပါတယ်။ သမီးရှင်တော်တော်များများကတော့ လက်ထပ်မယ့်ရက်နဲ့ စေ့စပ်တဲ့ရက် အရမ်းခြားတာ မကြိုက်ကြတာမို့ လက်ထပ်ပွဲအတွက် စီစဉ်စရာလေးတွေ စီစဉ်ထားပြီး (၃) လလောက်အလိုမှသာ စေ့စပ်ပွဲ လုပ်မယ်ဆိုရင်တော့ နှစ်ဦးနှစ်ဖက်အတွက် အဆင်ပြေပါတယ်။

နှစ်ဖက်မိဘနဲ့ စေ့စပ်ပြီးမှသာ မင်္ဂလာရက်ကို သတ်မှတ်မယ်ဆိုရင်တော့ အချိန်(၁) နှစ်လောက် ခြားလိုက်ပါ။ ဒါမှသာ Pre wedding ရိုက်ဖို့ အချိန်လုံလုံလောက်လောက် ရရှိပြီး လက်မှတ်ထိုးတာနဲ့ ဆွမ်းကျွေးတို့အတွက်လည်း အချိန်ရမှာပါနော်။ တစ်နှစ်ဆိုရင်တော့ ခန်းမလည်း ကိုယ့်စိတ်ကြိုက် ချိတ်လို့ ရနိုင်ပါတယ်။

From Marry with


Comments

0 comments
Latest video