စေ့စပ်ပွဲအတွက် အစားအသောက်တွေ ကိုယ်တိုင်ခင်းကျင်းမယ် ဆိုရင်

by: Nway Nway Aung
 0 comments  0 love

ဒီပြင်ဆင်မှုလေးတွေက ခြံဝန်းရှိတဲ့ လုံးချင်းအိမ်လေးတွေမှာ ကျင်းပမယ့် စေ့စပ်ပွဲတွေ၊ နယ်တွေမှာ ကျင်းပမယ့် စေ့စပ်ပွဲတွေ အတွက် အဆင်ပြေပါတယ်

လှပတဲ့ အခင်းအကျင်းလေး တွေအကြောင်း (Photo – WeddingInclude)

အိမ်မှာပဲ စေ့စပ်ပွဲ လုပ်မှာမို့ လှပအောင် ဘယ်လိုပြင်ဆင်ရမလဲ ဆိုပြီး ခေါင်းရှုပ်နေတဲ့ သတို့သား သတို့သမီးလေးတို့အတွက် Marry က လှပတဲ့ အခင်းအကျင်းလေး တွေအကြောင်း ပြောပြပေးချင် ပါတယ်။ အဓိကကတော့ အစားအသောက်တွေကို ဘယ်လိုပုံစံနဲ့ လှလှပပ ခင်းကျင်းထားရမလဲ ဆိုတဲ့ အကြောင်းကို ပြောပြပေးချင်တာပါ။

အိမ်မှာပဲ စေ့စပ်ပွဲ ကျင်းပမယ် ဆိုရင်တော့ အစားအသောက်လေးတွေကို လှလှ ပပလေး ဖြစ်အောင် ခင်းကျင်းတတ်ဖို့ လိုပါတယ် (Photo – Pinterest)

စေ့စပ်ပွဲကို ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာ ကျင်းပမယ်ဆိုရင်

အစားအသောက် ခင်းကျင်းဖို့အတွက်  ပူစရာမလိုပေမယ့် အိမ်မှာပဲ စေ့စပ်ပွဲ ကျင်းပမယ် ဆိုရင်တော့ အစားအသောက်လေးတွေကို လှလှ ပပလေး ဖြစ်အောင် ခင်းကျင်းတတ်ဖို့ လိုပါတယ်။  အခင်း အကျင်းလေးကို ပိုပြီးလှပ ပြည့်စုံသွားအောင် ဖြည့်စွက်ဖို့ သင့်တော်တဲ့ ဖြည့်စွက် ပစ္စည်းလေးတွေ လည်း သုံးပေးဖို့ လိုပါတယ်။

အခုခေတ်မှာ ပြန်ပြီး ခေတ်စားလာတဲ့ ကျောက်သင်ပုန်းလေးတွေ (Photo – Pinterest)

အခုခေတ်မှာ ပြန်ပြီး ခေတ်စားလာတဲ့

ကျောက်သင်ပုန်းလေးတွေ ကလည်း စေ့စပ်ပွဲ အပြင်အဆင်တွေမှာ ထည့်သုံးသင်းတဲ့ ဖြည့်စွက် ပစ္စည်းလေးတွေပါပဲ။ ကျောက်သင်ပုန်းမှာ  သတို့သမီးလေးနဲ့ သတို့သားလေး နာမည်ကို ရေးထားပြီး အောက်မှာ Forever ၊ I Love အစရှိတဲ့ စာသားလေးတွေ ဖြည့်စွက်ထားမယ်။ ပြီးရင် ဒိုးနတ်ပုံလေးတွေ၊ အသည်းပုံလေးတွေ၊ ပန်းပွင့်လေးတွေ စုံနေအောင် ရေးဆွဲပြီး လှအောင် ပုံဖော် ဖန်တီးနိုင်ပါတယ်။ အဲ့ဒိ အပြင်အဆင်လေးမှာပဲ အစားအသောက်တွေကို ခင်းကျင်း နိုင်ပါတယ်။

သစ်သားစားပွဲလေးတွေ (Photo – Pinterest)

နောက်ထပ် အသုံးပြုနိုင်တဲ့ ဖြည့်စွက်ပစ္စည်းလေးကတော့

သစ်သားစားပွဲလေးတွေပါ။  သစ်သားစားပွဲ ဆိုတာ မြန်မာလူမျိုးတို့ရဲ့ အိမ်တိုင်းလိုလိုမှာ ရှိတဲ့ ပရိဘောဂ ပစ္စည်း ဖြစ်သလို၊ မရှိရင်လည်း သစ်သားဝယ်ပြီး အလွယ်တကူ ဖန်တီးလိုက်လို့ရပါတယ်။ အောက်ခံက သစ်သားစားပွဲလေးပဲ ဆိုပေမယ့် အစားအသောက်တွေကိုတော့ သစ်သား စဥ့်နှီတုံးပေါ်မှာ ခင်းကျင်းထားတော့ ပုံထဲမှာ မြင်ရတဲ့အတိုင်း ဆန်းသစ်တဲ့ စေ့စပ်ပွဲ အခင်းအကျင်းလေး ဖြစ်သွားတာပေါ့။ ဒီပြင်ဆင်မှုလေးက ခြံဝန်းရှိတဲ့ လုံးချင်းအိမ်လေးတွေမှာ ကျင်းပမယ့် စေ့စပ်ပွဲတွေ၊ နယ်တွေမှာ ကျင်းပမယ့် စေ့စပ်ပွဲတွေ အတွက် အဆင်ပြေပါတယ်။

From Marry with


Comments

0 comments
Latest video