စေ့စပ်ပွဲ မတိုင်ခင် စစ်ဆေးရမယ့် အရာတွေ

by: Nway Nway Aung
 0 comments  3 love

တစ်ခုချင်းစီ စစ်ဆေးတာထက် ဆရာဝန်နဲ့ တိုင်ပင်ပြီး Package လိုက် စစ်ဆေးမှုကို လုပ်တာပိုပြီး အဆင်ပြေနိုင်ပါတယ်

 

အထူးသဖြင့်တော့ ကျန်းမာရေးကို အလေးပေးပြီး စစ်ဆေးရပါမယ်

စေ့စပ်ပွဲ ဆိုတာက မင်္ဂလာပွဲအတွက် ကနဦး သဘောတူညီမှု တစ်ခု ဖြစ်တဲ့အတွက် မင်္ဂလာပွဲလိုပဲ အရေးကြီးလှပါတယ်။ စေ့စပ်ဖို့ နှစ်ဦး သဘောတူပြီးသွားပြီ ဆိုရင် မင်္ဂလာပွဲအတွက် သိပ်ပြီး စဉ်းစားစရာ မလိုတော့ပါဘူး။ ဆိုလိုတာကတော့ ဘဝလက်တွဲဖော်နဲ့ တစ်ဘဝစာ လက်တွဲဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို စေ့စပ်ပွဲ မတိုင်ခင်ကတည်းက ဆုံးဖြတ်ရမှာ ဖြစ်ပြီး အဲ့ဆုံးဖြတ်ချက် သေချာမှ စေ့စပ်သင့်ပါတယ်။

စစ်ရမယ့်အရာ

အဲ့လို အရေးကြီးတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် စေ့စပ်ဖို့ ဆုံးဖြတ်ချက် မချခင် စစ်ဆေးရမယ့် အရာတွေ ရှိပါတယ်။ အထူးသဖြင့်တော့ ကျန်းမာရေးကို အလေးပေးပြီး စစ်ဆေးရပါမယ်။  ဒါမှသာ အနာဂတ်မှာ မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ရှားနိုင်ပြီး၊ ကျန်းမာပျော်ရွှင်တဲ့ မိသားစု ဘဝကို တည်ထောင်နိုင်မှာပါ။

ကူးစက်ရောဂါပိုးတွေ ရှိမရှိ ဆိုတာနဲ့ မွေးရာပါ ရောဂါတွေ ရှိသလား ဆိုတာကိုပါ စစ်ဆေးရမှပါ

ကျန်းမာရေး စစ်ဆေးတဲ့အခါ ကူးစက်ရောဂါပိုးတွေ ရှိမရှိ ဆိုတာနဲ့ မွေးရာပါ ရောဂါတွေ ရှိသလား ဆိုတာကိုပါ စစ်ဆေးရမှာပါ။ စစ်ဆေးသင့်တာတွေ အများကြီးရှိပေမယ့် ယေဘူယျ အနေနဲ့တော့ ကာလသား ရောဂါပိုး၊ HIV ရောဂါပိုး အစရှိတာတွေနဲ့ တီဗီပိုး၊ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စတာတွေကို ရှိမရှိ စစ်ဆေးလေ့ရှိပါတယ်။ တကယ်တမ်း စစ်ဆေးသင့်တာကတော့ အဲ့ဒိထက် ပိုသလို အသေးစိတ်လည်း ကျပါတယ်။

အကောင်းဆုံးကတော့ ဆေးရုံတွေမှာ ရှိတဲ့ Package လိုက် Check up တွေနဲ့ စစ်ဆေးတာပါပဲ။ ယခုအခါ ဆေးရုံတွေမှာ အမျိုးသားတွေ စစ်ဆေးသင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ အကုန်ပါတဲ့ Packade program တွေရှိသလို အမျိုးသမီးတွေ စစ်ဆေးသင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ အကုန်ပါတဲ့ Packade program တွေလည်း ရှိတာကြောင့်မို့ တစ်ခုချင်းစီ စစ်ဆေးတာထက် ဆရာဝန်နဲ့ တိုင်ပင်ပြီး Package လိုက် စစ်ဆေးမှုကို လုပ်တာပိုပြီး အဆင်ပြေနိုင်တယ်လို့ Marry က အကြံပေးချင်ပါတယ်။

 

From Marry with


Comments

0 comments
Latest video
Refer to more useful articles