Advertisement
 စေ့စပ်ပွဲလေး စလုပ်တော့မယ်လို့ တွေးလိုက်ပြီဆိုတာနဲ့ စီစဉ်ရမယ့် အချက်တွေ

 စေ့စပ်ပွဲလေး လုပ်မယ်ဆိုရင်  ပြောပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ဆောင်ပေးနော်

စေ့စပ်ပွဲလေး လုပ်မယ်လို့ တွေးလိုက်ပြီဆိုရင်တော့ ကြိုတင်ပြင်ဆင် စီစဉ်ရမယ့် ကိစ္စတွေ သိပ်ကိုများပါတယ်။ စုံတွဲလေးတို့ကြားမှာ ညှိနှိုင်းရမယ့် အချက်တွေ၊ နှစ်ဖက်မိဘ ညှိနှိုင်းဖို့နဲ့ စေ့စပ်ပွဲလေး ကျင်းပဖို့ စီစဉ်ရမှာပါ။ ဒီတော့ စေ့စပ်ပွဲလေး စလုပ်တော့မယ်လို့ တွေးလိုက်ပြီဆိုတာနဲ့ စီစဉ်ရမယ့် အချက်တွေကို ပြောပြမယ်နော်။

စုံတွဲလေးတို့ ညှိနှိုင်းရမယ့် အချက်တွေ

စုံတွဲလေးတို့ရေ ကိုယ်တွေချစ်သူနှစ်ဦး လက်ထပ်ဖို့ စီစဉ်တာ ဖြစ်တဲ့အတွက် ဘယ်ကိစ္စမဆို စုံတွဲလေးတို့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။ အရင်ဆုံး နှစ်ဦးသား အဆင်ပြေအောင် အရင်ညှိပါ။ သူ့အသိုင်းအဝိုင်းနဲ့ ကိုယ့်အသိုင်းအဝိုင်း အဆင်ပြေလား၊ တသက်လုံး လက်တွဲဖို့ ညှိနှိုင်းရမယ့် အချက်တွေ အားလုံး ညှိနှိုင်းပြီးမှ စေ့စပ်ပွဲလေး လုပ်ပါ။

အရင်ဆုံး ချစ်သူနဲ့ တိုင်ပင်ပါ (photo:Serenata Flowers)

နှစ်ဖက်မိဘ

စေ့စပ်ပွဲဆိုတာ နှစ်ဖက်မိဘတွေကို တွေ့ဆုံပေးတဲ့ ပွဲလေးဆိုလည်း မမှားပါဘူး။ ဒီတော့ နှစ်ဖက်မိဘ တွေ့ဆုံတဲ့အခါမှာ အဆင်ပြေအောင် စုံတွဲတို့ အရင်ကြိုးစားရပါမယ်။ ကိုယ့်ချစ်သူနဲ့ ကိုယ့်မိဘကို အရင်ဆုံး ပေးတွေ့ပါ။ သူတို့ သဘောကျလောက်မယ့် အချက်လေးတွေပေါ့ ပြင်ဆင်ထားပါ။ ကိုယ်ကလည်း သူ့မိဘတွေကို တွေ့ဆုံပါ။ အဆင်ပြေဖို့ အဓိက ဦးစားပေးပါ။ စေ့စပ်ပွဲလေး လုပ်တော့မယ်လို့ ရည်ရွယ်ထားရင် နှစ်ဖက်မိဘ အချင်းချင်း အဆင်ပြေအောင် အရင်ဆုံး လုပ်ဆောင်ပါ။

နှစ်ဖက်မိဘတွေ အဆင်ပြေအောင် အရင်ညှိပါ (photo: The Independent)

စေ့စပ်ပွဲလေး လုပ်ဖို့

စေ့စပ်ပွဲလေး လုပ်ဖို့ဆိုရင် လိုအပ်တဲ့အချက်တွေရှိပါတယ်။ ဘယ်နေရာမှာ စေ့စပ်မလဲ၊ ဘယ်တော့ ကျင်းပမလဲပေါ့။ စေ့စပ်ပွဲလေး လုပ်ဖို့ လိုအပ်တဲ့ အချက်တွေကို သတို့သမီးလေးဘက်က ပြင်ဆင်ထားဖို့ လိုပါတယ်။ အကယ်လို့ သတို့သမီးလေးတို့ အိမ်မှာစေ့စပ်မယ်ဆိုရင် နေရာထိုင်ခင်း၊ အိမ်အပြင်အဆင်၊ အစားအသောက်၊ ကြွရောက်မယ့် ဧည့်သည်တွေပါ စီစဉ်ထားဖို့ လိုပါတယ်နော်။

စုံတွဲလေးတို့ စေ့စပ်ပွဲလေး လုပ်မယ်ဆိုရင် အခု Marry က ပြောပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ဆောင်ပေးနော်။ ဒါမှ စုံတွဲလေးတို့ မိသားစု သိုက်သိုက်ဝန်းဝန်းနဲ့ စေ့စပ်ပွဲလေး အောင်မြင်မှာပါ။

Comments

0 comments