နှစ်ဖက်မိဘ သဘောတူတဲ့ စေ့စပ်ပွဲလေး ဖြစ်စေဖို့

by: Phyo Pyae Thu
 0 comments  1 love

နှစ်ဖက်မိဘ သဘောတူတဲ့စေ့စပ်ပွဲလေး ဖြစ်ဖို့အတွက် Marry က ပြောပြထားတဲ့အချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားနော်။ ဒါဆိုရင် အားလုံးအဆင်ပြေတဲ့ စေ့စပ်ပွဲလေး ဖြစ်မှာပါ။ 

စုံတွဲလေးတို့ရေ စေ့စပ်ပွဲက မင်္ဂလာပွဲမတိုင်ခင် ကြိုတင်ပြီး ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ပွဲလေးပါပဲ။ နှစ်ဖက်မိဘ အသိုင်းအဝိုင်းတွေ တပြိုင်တည်း တွေ့ဆုံတဲ့နေ့လေးမလားနော်။ ဒီတော့ နှစ်ဖက်မိဘအသိုင်းအဝိုင်း သဘောတူပြီး အဆင်ပြေတဲ့ စေ့စပ်ပွဲလေး ဖြစ်ဖို့ လိုပါတယ်။ နှစ်ဖက်မိဘ သဘောတူပြီး အစစအရာရာ အဆင်ပြေတဲ့ စေ့စပ်ပွဲလေးဖြစ်ဖို့လည်း ကြိုတင်ပြီး ပြင်ဆင်ကြိုးစားထားရမှာပါ။

ကိုယ့်မိဘတွေနဲ့ သူနဲ့ ရင်းနှီးပါစေ

စုံတွဲလေးတို့ရေ နှစ်ဖက်မိဘ သဘောတူတဲ့ စေ့စပ်ပွဲလေး ဖြစ်နေစေဖို့အတွက် ကိုယ့်ချစ်သူနဲ့ မိဘ ရင်းနှီးအောင် အရင်ဆုံး လုပ်ဆောင်ရပါမယ်။ အဓိကကတော့ ကိုယ်စေ့စပ်မယ့်သူကို ကိုယ့်မိဘတွေ သဘောကျဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကောင်မလေးတွေကိုလည်း ကောင်လေး မိဘတွေက သဘောကျအောင် ကောင်လေးကိုလည်း ကောင်မလေး မိဘတွေက သဘောကျအောင် လုပ်ဆောင်ရပါမယ်။

ကိုယ့်မိဘတွေနဲ့ သူနဲ့ ရင်းနှီးပါစေ (photo:HelloBacsi)

သဘောကျအောင် နေပါ

ကိုယ့်ချစ်သူရဲ့ မိဘတွေ သဘောကျအောင် နေတတ်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါမှလည်း မျက်စိကျမှာပေါ့နော်။ မိဘတွေနဲ့ ပထမဆုံး သွားတွေ့တဲ့နေ့မှာ စကားပြေပြေပြစ်ပြစ် ပြောဆိုဖို့နဲ့ အပြုအမူတွေကလည်း ယဉ်ကျေးဖို့ လိုပါတယ်နော်။ မိဘတွေ ရှေ့မှာ ချစ်သူသမီးရည်းစားတွေ အရမ်း မချစ်ပြပါနဲ့နော်။ မိဘတွေက သိပ်သဘောမကျတာတွေ ရှိတတ်ပါတယ်။

နှစ်ဖက်မိဘ အဆင်ပြေဖို့

ကိုယ့်ချစ်သူနဲ့ မိဘနဲ့ အဆင်ပြေပြီဆိုရင်တော့ သူ့မိဘနဲ့ ကိုယ့်မိဘ ပြေလည်အောင် တတိယအဆင့်မှာ ကြိုးစားရပါတော့မယ်နော်။ နှစ်ဖက်မိဘ တည့်ဖို့ဆိုတာ စုံတွဲလေးတို့ပေါ်မှာ မူတည်ပါတယ်။ စုံတွဲလေးတို့က မျှမျှ တတ ပြောဆို ဆက်ဆံမယ်ဆိုရင် နှစ်ဖက်မိဘက ပြေလည်ပါတယ်။ နှစ်ဖက်မိဘကြားမှာ ပြဿနာ ဖြစ်စေမယ့် စကားတွေ၊ စိတ်ဆိုးစေလောက်မယ့် အကြောင်းအရာတွေကို စုံတွဲလေးတို့က ပြန်မပြောဖို့ လိုပါတယ်။ ဒီလိုဆိုရင် နှစ်ဖက်မိဘ အမြင်ကြည်လာမှာပါ။

အကြိုက်ကိုသိပါစေ (photo:HelloBacsi)

အကြိုက်ကိုသိပါစေ

ယောက္ခမလောင်းတွေရဲ့ အကြိုက်ကို သိပါစေ။ စုံတွဲလေးတို့က ကြားထဲကနေ ရင်ကြားစေ့ရေး လုပ်ဆောင်ပေးရမှာပါ။ စေ့စပ်ပွဲကို အကျဉ်းချုံးမလား၊ ခမ်းခမ်းနားနား လုပ်မလား၊ တင်တောင်းတဲ့ ကိစ္စကရော ဘယ်လိုသဘောရှိလဲ ဒါတွေ အားလုံးကို စုံတွဲလေးတို့ အရင်ဆုံး တိုင်ပင်ပြီး ကိုယ့်မိဘတွေရဲ့ သဘောထားကို ကြိုမေးထားရမှာပါ။ ပြီးမှ စေ့စပ်ပွဲရောက်မှ ညှိမရတာမျိုး မဖြစ်ရအောင် ကြိုတင်ညှိထားရမှာပါနော်။ ဒါမှ နှစ်ဖက်မိဘ သဘောတူတဲ့စေ့စပ်ပွဲလေး ဖြစ်လာမှာပါ။ သမီးရှင်ဘက်ကလည်း တောင်းဆိုတဲ့အခါမှာ သားရှင်ဘက်က အခြေအနေကို သိထားဖို့ လိုပြီး သားရှင်ဘက်ကလည်း သမီးရှင် တောင်းဆိုတာတွေကို အတတ်နိုင်ဆုံး လိုက်လျောပေးဖို့ လိုပါတယ်။

နှစ်ဖက်မိဘ သဘောတူတဲ့စေ့စပ်ပွဲလေး ဖြစ်ဖို့အတွက် Marry က ပြောပြထားတဲ့အချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားနော်။ ဒါဆိုရင် အားလုံးအဆင်ပြေတဲ့ စေ့စပ်ပွဲလေး ဖြစ်မှာပါ။ 

From Marry with


Comments

0 comments
Latest video
Refer to more useful articles