Advertisement

စေ့စပ်ပွဲလေးအတွက် လူတွေကို ဖိတ်တဲ့အချိန်မှာ များသောအားဖြင့်ကတော့ အယောက် (၂၀) ကနေ အယောက် (၅၀) ကြား ဖိတ်ကြားတာ များပါတယ်နော်။

စေ့စပ်ပွဲဆိုတာ မင်္ဂလာပွဲလေး အကြို နှစ်ဖက် မိဘတွေနဲ့ သိပ်ရင်းနှီးတဲ့သူတွေ အတွက်သာ ပြုလုပ်တဲ့ပွဲလေး (Photo:onethreeonefour)

မင်္ဂလာပွဲလေး တစ်ပွဲကို မပြုလုပ်ခင် စေ့စပ်ပွဲလေးကို ပြုလုပ်ရပါတယ်။ စေ့စပ်ပွဲလေးဆိုတာကတော့ မင်္ဂလာပွဲလေးနဲ့ ပတ်သက်တဲ့အကြောင်းအရာလေးတွေအတွက် နှစ်ဖက်မိဘတွေ အချင်းချင်း ဆွေးနွေး တွေ့ဆုံဖို့ ပြုလုပ်တဲ့ပွဲလေး ဖြစ်သလို မင်္ဂလာမောင်နှံလေးတို့ နှစ်ယောက်အကြောင်းကို တရားဝင် အသိပေးလိုက်တဲ့ပွဲလေးပဲလို့ ဆိုရမှာပါ။ ဒီလို စေ့စပ်ပွဲလေးမှာ လူဘယ်နှစ်ယောက်ကို ဖိတ်ကြားရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို Marry က ပြောပြပေးချင်ပါတယ်။ စေ့စပ်ပွဲလေးမှာ အုန်းပွဲ၊ ဌက်ပျောပွဲ အပြင် ဘာတွေ ယူလာဖို့ လိုအပ်လည်း ဆိုတာကိုလည်း သိထားပေးပါဦးနော်။

အဓိက ကျတဲ့သူတွေပဲ ပါပါစေ

စေ့စပ်ပွဲဆိုတာ ဘာလဲ ဆိုတာကို သိထားရမှာပါနော်။ စေ့စပ်ပွဲဆိုတာ မင်္ဂလာပွဲလေး အကြို နှစ်ဖက် မိဘတွေနဲ့ သိပ်ရင်းနှီးတဲ့သူတွေ အတွက်သာ ပြုလုပ်တဲ့ပွဲလေး ဖြစ်တာကြောင့် လူနည်းလေး အဆင်ပြေလေလို့ ဆိုရမလိုတောင် ဖြစ်နေပါတယ်။ လူများပြီး ပွဲမစည် ဆိုတာမျိုး ဖြစ်သွားမှာ စိုးရိမ်လို့ပါ။ မပါမဖြစ် အရေးကြီးတဲ့လူ အနည်းစုလောက်နဲ့သာ စေ့စပ်ပွဲလေးကို အကောင်းဆုံး စီစဉ်ပြီး ပြုလုပ်လိုက်ပါနော်။

ချစ်သူလေးနဲ့ စေ့စပ်မယ် (Photo:onethreeonefour)

များသောအားဖြင့်ကတော့ အယောက် (၂၀) ကနေ (၅၀) ကြား ဖိတ်ပါတယ်

လူတွေကို ဖိတ်တဲ့အချိန်မှာ များသောအားဖြင့်ကတော့ အယောက် (၂၀) ကနေ (၅၀) ကြား ဖိတ်ကြားတာ များပါတယ်။ ဒီလောက် လူပမာဏဆိုတာကတော့ လူများတယ် ဆိုလို့ မရသလို လူနည်းတယ်လို့လည်း ဆိုလို့ မရပါဘူး။ နှစ်ဖက်မိဘတွေ၊ လူကြီးတွေနဲ့ မင်္ဂလာပွဲအတွက် အရေးကြီးတဲ့လူတွေကိုပါ ဖိတ်ကြားသင့်တဲ့အတွက်ကြောင့်ပါ။ အယောက် (၅၀) အများဆုံးပဲ ဖိတ်ကြားပါ။ စေ့စပ်ပွဲလေး အတွက်ကတော့ လူများတယ်။ လူနည်းတယ် ဆိုတာတွေထက် အဓိက ကျတဲ့လူတွေ ပါဝင်နေဖို့ပဲ အရေးကြီးတာမို့လို့ပါ။

Marry ရဲ့ မင်္ဂလာမောင်နှံလောင်းလေးတို့ရေ မင်္ဂလာပွဲလေးအကြို ပြုလုပ်တဲ့စေ့စပ်ပွဲလေးကို လူနည်းနည်းနဲ့ အကောင်းဆုံး ပြုလုပ်လိုက်နိုင်စေဖို့ ပြောပြလိုက်ရပါတယ်ေ်နာ်။

Comments

0 comments