Advertisement

အလှဆင် ပစ္စည်း သိပ်မသုံးဘဲ ဇာတွေနဲ့ချည်း ဖန်တီးထားတာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ဆန်းပြားနေတဲ့ ဝတ်စုံတွေကို သဘောကျတဲ့ သတို့သမီးလေးတွေအတွက်တော့ ကွက်တိပဲနော်

2018 အစောပိုင်းမှာ မင်္ဂလာဆောင်ဖို့ အစီအစဉ်ရှိနေပြီး ဇာလေးတွေနဲ့ ဖန်တီးထားတဲ့ မင်္ဂလာဝတ်စုံလေးတွေကိုမှ ဝတ်ချင်ပါတယ်ဆိုတဲ့ သတို့သမီးလေးတွေအတွက် 2018 Bridal Fashion Week မှာ ပြသသွားတဲ့ ဒီဇိုင်နာ Galia Lahav ရဲ့ ဇာဒီဇိုင်း ဖန်တီးမှုလေးတွေကို ဖော်ပြချင်ပါတယ်။ အလှဆင် ပစ္စည်း သိပ်မသုံးဘဲ ဇာတွေနဲ့ချည်း ဖန်တီးထားတာမို့ ပေါ့ပေါ့ပါးပါးလေးနဲ့ ဆန်းပြားနေတဲ့ ဝတ်စုံတွေကို သဘောကျတဲ့ သတို့သမီးလေးတွေအတွက်တော့ ကွက်တိပဲနော်။

ဂါဝန်တစ်ထည်လုံးကို ဇာနဲ့ပဲ ဖန်တီးထားတာပါ။ အင်္ကျီရဲ့ခါးနေရာမှာ သိမ်သွားပြီးမှ ပြန်ကားသွားတဲ့ ဒီဇိုင်းလေးက မြန်မာ ထိုင်မသိမ်းဒီဇိုင်းလေးနဲ့ ဆင်တူတာမို့ မြန်မာမလေးတွေရဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ လိုက်ဖက်မယ့် ဒီဇိုင်းလေးပါပဲ။

ဇာနှစ်မျိုးကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ ဒီဝတ်စုံလေးကတော့ ပေါ့ပေါ့ပါးပါး ညစာစားပွဲတွေအတွက် ရွေးချယ်သင့်တဲ့ ဒီဇိုင်းပါပဲ။

ရိုးရိုးရှင်းရှင်းနဲ့ ဆွဲဆောင်မှုရှိတဲ့ ဒီဝတ်စုံလေးကိုတော့ လင်းလက်မှုရှိအောင် ရင်ဘတ်နေရာကို အလက်အမှုန်တွေကပ်ထားပါတယ်။ စကပ်နေရာမှာတော့ တချို့တလေကိုပဲ အလက်အမှုန်ကပ်ထားတာကြောင့် အရမ်းကြီး မလင်းလက်ဘဲ ရိုးရိုးလေးနဲ့ လှနေတာပေါ့။

wow ဇာသုံးမျိုးကို ပေါင်းစပ် ဖန်တီးထားတဲ့ ဒီဝတ်စုံရဲ့ ဒီဇိုင်းက လုံးဝအလန်းပဲနော်။ မြင်ဖူးတွေ့ဖူးနေကျ မင်္ဂလာဝတ်စုံတွေနဲ့ လုံးဝမတူတဲ့ ဒီဇိုင်းမို့ ဒီဇိုင်းဆန်းဝတ်ချင်တဲ့ သတို့သမီးလေးတွေအတွက် အံကိုက်ပဲနော်။

ဒီဝတ်စုံလေးကလည်း ဇာနှစ်မျိုးကို သုံးပြီးဖန်တီးထားတာပါပဲ။ ဇာသားဗြောင်လေးပေါ်မှာမှ ဇာပွင့်ကြီးလေးတွေကို ကပ်ပြီး ဖန်တီးထားတာပါ။ ရင်ဟိုက် ပခုံးလျှောလေးမို့ မိန်းမသားအလှအပတွေကတော့ ဆွဲဆောင်မှုရှိရှိ ပေါ်လွင်နေမှာ အသေအချာပဲနော်။

ခပ်ဟော့ဟော့နဲ့ လန်းတဲ့ဒီဇိုင်းတွေကိုမှ ဝတ်ချင်တဲ့ သတို့သမီးလေးတွေအတွက်ပါနော်။ လက်နေရာက ဖြာကျနေတဲ့ ပုဝါရှည်တွေက ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ အရမ်းဟော့သွားတဲ့ မင်းသမီးလေးတွေရဲ့ ဒီဇိုင်းနော်။

လန်းလန်းလေးပြီးတော့ ရိုးရိုးလေးလာပြီ။ ဒီဇိုင်းလေးက ရိုးပေမယ့် ဇာလေးကတော့ အရမ်းဆန်းတယ်နော်။

အသားအရေ ဘယ်လောက်လှသလဲဆိုတာ ကြွားလို့ရတဲ့ ဝတ်စုံလေးပေါ့။ ပေါ့ပေါ့ပါးပါးလေးမို့ သူငယ်ချင်းတွေနဲ့ ညစာစားပွဲ လုပ်ချင်ရင် ဒီလိုဒီဇိုင်းမျိုးလေး ဝတ်လို့ရတာပေါ့။

သိပ်လှတဲ့ ဝတ်စုံလေး။ ဇာကနုတ်တွေပေါ်မှာ ခရစ်စတယ်တွေနဲ့ ပြန်အလှဆင်ထားတော့ ဒီဇိုင်းတစ်ခုလုံးရဲ့ အလှက ကြွရွသွားတာပေါ့။

ဒီဒီဇိုင်းလေးရဲ့ လှပမှုကိုတော့ Marry အထွေအထူးပြောမနေတော့ဘူး။ သတို့သမီးတွေကိုယ်တိုင်ပဲ ကြည့်ပြီး ခံစားလိုက်တော့နော်။

Comments

0 comments