Advertisement

ချစ်တို့ရေ ကိုယ့်ရဲ့ တစ်နေတာ အဆင်ပြေဖို့ လက်ကိုင်အိတ်ထဲမှာ ဒါလေးတွေ ရှိသင့်တယ်နော်။

ဒီတစ်ခါမှာတော့ အလှအပ အသားအရေနဲ့ ဆိုင်တာတွေ မဟုတ်ဘဲ ကိုယ့်ရဲ့ နေ့စဥ◌်ဘဝမှာ အဆင်ပြေဖို့အတွက် လိုအပ်တဲ့ အရာလေးတွေ ဆောင်ထားသင့်တဲ့အကြောင်း ပြောပြပေးချင်ပါတယ်။ အသေးအမွှားလေးတွေ ဆိုပေမယ့် တကယ်လိုအပ်တဲ့အချိန်ကျ ဘယ်မှာမှ ရှာမရနဲ့ အဆင်မပြေဖြစ်တတ်တယ်လေ။ ဒီလို မဖြစ်ရအောင် ချစ်တို့ လက်ကိုင်အိတ်ထဲ ထည့်ထားသင့်တာတွေ ပြောပြပေးလိုက်ပါတယ်။

အဆီစုပ်စက္ကူ

ကိုယ့်ရဲ့ မျက်နှာမှာ လိမ်းထားတာတွေ မပျက်အောင်နဲ့ မျက်နှာအဆီတဝင်းဝင်း မဖြစ်နေရအောင် အဆီစုပ်စက္ကူလေးတွေ ဆောင်ထားပါ။ အဆီအကွက်ကြီးတွေဖြစ်နေတာက ကိုယ့်ကို ကြည့်ရဆိုးစေတယ်လေနော်။

ခေါင်းစည်းကြိုးနဲ့ ကလစ်

ခေါင်းစည်းကြိုးနဲ့ ကလစ်ကလည်း မဖြစ်မနေ လိုအပ်တဲ့ အရာပဲနော်။ ဘာလို့လဲဆိုတော့ ခေါင်းစည်းကြိုး ပျက်တာတို့ ဆံပင်ခဏခဏ ကျနေလို့ ကလစ်ညှပ်ချင်တဲ့ အချိန်တွေဆိုရင် လိုတယ်လေ။ ထမင်းစားတဲ့အချိန်တွေမှာလည်း ဆံပင်တွေ စည်းနှောင်ဖို့ လိုတာပါပဲ။ နောက်ပြီး တယောက်ယောက်က ခေါင်းစည်းကြိုးလေး တောင်းရင် ပေးလို့ရသေးတယ်နော်။

https://www.todaydresses.com/

ဘောပင်နဲ့ စာအုပ်အသေးလေး

ခုက ဖုန်းနဲ့ မှတ်လို့ရတဲ့ ခေတ်ဆိုပေမယ့် ဘောပင်ကတော့ မရှိမဖြစ်လိုအပ်တယ်နော်။ စာအုပ်သေးသေးလေး ရှိရင်တော့ ပိုကောင်းတာပေါ့။ ချစ်တို့ ရုံးသွား၊ ဘဏ်သွားစတာတွေမှာ ကိုယ့်ဘောပင်နဲ့ဆို လိုတဲ့အခါ လိုက်ရှာစရာ မလိုတော့ဘူးပေါ့။

မိတ်ကပ်နဲ့ နှုတ်ခမ်းနီ

မိတ်ကပ်နဲ့ နှုတ်ခမ်းနီကတော့ မိန်းကလေး တစ်ယောက်မှာ ရှိသင့်တဲ့ ပစ္စည်းပါပဲ။ အိတ်ထဲမှာ မဖြစ်မနေ ရှိထားသင့်တယ်နော်။ အများကြီး မဟုတ်တောင် နှုတ်ခမ်းနီနဲ့ two way မိတ်ကပ်လောက်ပေါ့လေ။ ဒါဆို ဘယ်နေရာဖြစ်ဖြစ် မြန်မြန်ဆန်ဆန် အလှပြင်လိုက်လို့ ရပြီလေ။

https://www.todaydresses.com/

 

လစဥ◌်သုံးပစ္စည်း

မိန်းကလေးတစ်ယောက်မှာ လစဥ◌်သုံးပစ္စည်းကလည်း လိုအပ်တာပါပဲ။ ချစ်တို့က ရာသီရက်မှန်မှန် လာတတ်တယ်ဆိုရင် ရက်နီးရင် တစ်ခုလောက်တော့ အနည်းဆုံး ဆောင်ထားသင့်တယ်နော်။ ရာသီလာနေချိန်မှာ လဲချင်ရင်လည်း အဆင်သင့် ဖြစ်တာပေါ့လေနော်။ အိတ်ထဲ ထည့်ထားရမယ့် ပစ္စည်းတစ်ခုပါပဲ။

 

Tags: accessories

Comments

0 comments