Advertisement

ကမ်းခြေမှာ လန်းချင်တဲ့ မိန်းကလေးတိုင်း ဖက်ရှင်ကျကျ ဝတ်လို့ရမယ့် အဝတ်အစားနဲ့ အသုံးအဆောင်တွေ သိထားသင့်တယ်နော်။

ချစ်တို့ရေ လမ်းထိပ်လောက် ဈေးထွက်ဝယ်တဲ့ အိမ်နေရင်းအင်္ကျီတောင် ဖက်ရှင်ကျချင်ကြတယ်မလား။ ကမ်းခြေလိုမျိုး လန်းရမယ့် ခရီးစဉ်မှာတော့ ဖက်ရှင်တွေက ဂွမ်းနေလို့ မဖြစ်ဘူးလေ။ ဒီတော့ ကမ်းခြေဆီ လည်လည်သွားရင် ဘယ်လိုဖက်ရှင်တွေ ပြင်ဆင်သွားရမလဲဆိုတာ ပြောပြမယ်နော်။

ကမ်းခြေဂါဝန်

ကမ်းခြေဂါဝန်ဆိုတာနဲ့ အပွင့်ကြီးကြီး၊ အဆင်ကြီးကြီးပါတဲ့ ဂါဝန်ရှည်တွေကို ပြေးမြင်မိကြမှာပါ။ ကမ်းခြေသွားရင်တော့ ဒီလိုမျိုး ဂါဝန်တွေက အစဉ်အလာမပျက် ထည့်ဖို့ လိုပါတယ်။ ကမ်းခြေမှာ ပြေးတဲ့ပုံစံ၊ ခြေလှမ်းလှမ်းတဲ့ ပုံစံလေးတွေ ရိုက်မယ်ဆိုရင် ဂါဝန်အရှည်တွေနဲ့ ဖြစ်မှာလေ။ ထည့်သွားဖို့ လိုတယ်နော်။

နေကာမျက်မှန်

ကမ်းခြေက ထိုင်ခုံဖြူဖြူလေးတွေမှာ ပက်လက်လှန်ထားတဲ့ ပုံကောင်းကောင်းရဖို့ ဖက်ရှင်ကျကျ လန်းချင်ရင်တော့ နေကာမျက်မှန် ယူသွားပါ။ အဝိုင်းပုံစံထက် လေးထောင့်ကျတဲ့ပုံစံနဲ့ ခပ်ကြီးကြီးနေကာမျက်မှန်တွေက ပိုပြီးလှပစေမှာပါ။ မမေ့ခဲ့နဲ့နော်။

ဦးထုပ်အကြီးကြီး

ဦးထုပ်အကြီးကြီး

ဦးထုပ်အကြီးကြီး(photo: travel.earth)

 

အနားပြားကြီးတဲ့ ဦးထုပ်ကလည်း ဖက်ရှင်တွေထဲမှာ ခေတ်စားနေဆဲပါပဲ။ ကမ်းခြေနဲ့ လိုက်ဖက်လွန်းတဲ့ ဖက်ရှင်ပေါ့။ ဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်းပြီး မျက်နှာတဝက်ပဲ ပေါ်အောင် ရိုက်ရင်လည်း အရမ်းလှပြီး ကိုယ်ဝတ်မယ့် ကမ်းခြေဝတ်စုံနဲ့လည်း လိုက်ဖက်ညီနေမှာပါ။

ဖိနပ်

ကမ်းခြေသွားရင် အများစုက ဖိနပ်ကို တစ်ရံပဲ သယ်ကြပါတယ်။ ဖက်ရှင်ကျကျ လန်းချင်ရင်တော့ ဒေါက်အမြင့်တစ်ရံလောက်ပါ ထပ်သယ်သွားပါ။ ဂါဝန်တိုကို ဒေါက်ဖိနပ်စီးပြီး ဖက်ရှင်ကျကျ လန်းနိုင်သလို Pants လှလှနဲ့လည်း လန်းနိုင်တယ်လေ။ ကမ်းခြေစီးဖိနပ်အပြင် ဒေါက်တစ်ရံ မမေ့ပါနဲ့။

 

(photo: poshmark.com)

ရေကူးဝတ်စုံနဲ့ အပေါ်ထပ်အင်္ကျီ

ကမ်းခြေသွားမှတော့ ရေကူးဝတ်စုံက မပါမဖြစ်ပဲလေ။ ရေကူးဝတ်စုံမှာလည်း ဖက်ရှင်ကျအောင် လန်းအောင် ရွေးချယ်လို့ရတဲ့ ဒီဇိုင်းတွေ အများကြီး ရှိပါတယ်။ ရေမကူးဘူးဆိုရင်တောင် ဓါတ်ပုံလှလှလေး ရိုက်ချင်ရင် ရေကူးဝတ်စုံ ယူသွားပါ။ နောက်ပြီး ရေကူးဝတ်စုံပေါ်မှာ ဝတ်မယ့် အပေါ်ထပ် အင်္ကျီကလည်း ဖက်ရှင်ကျအောင် ပြင်ဆင်သွားလို့ ရပါတယ်။ ရေကူးဝတ်စုံရဲ့ အလှကိုပါ မြင်ရပြီး အပေါ်ထပ်ဝတ်ထားလည်း လှနေမယ့် အင်္ကျီမျိုး ယူသွားပါ။ ဖက်ရှင် (၂) မျိုးပေါ့လေ။

ကမ်းခြေမှာ လန်းချင်တဲ့ မိန်းကလေးတိုင်း ဖက်ရှင်ကျကျ ဝတ်လို့ရမယ့် အဝတ်အစားနဲ့ အသုံးအဆောင်တွေ သိထားသင့်တယ်နော်။

Tags: beachdressfashion

Comments

0 comments